မြန်မာအမည် - ဥသျှစ်
ကချင်အမည် - HPYNJA
ချင်းအမည် - KAIBOK
ရှမ်းအမည် - MAK-PYIN
မွန်အမည် - SOTBEF
သစ်မာပင်မျိုး ဖြစ်သည်။ အခေါက်ညိုသည်။ အမြင့်ပေ ၃၀-အထိ မြင့်သည်။ ပင်စည်ပတ်လည်တွင် ၂-လက်မခန့်ရှည်သော ဆူးများ အလှည့်ကျထွက်သည်။ သုံးမွှာရွက်ပေါင်းဖြစ်ပြီး အသီးလုံး ၄-လက်မမှ ၅-လက်မ အထိ အချင်းရှိ၍ အခွန်မာ အသီးဖြစ်သည်။ အရွက်မှာ အနံ့မွှေးကြိုင်သည်။ အသီးစိမ်းကို မီးဖုတ်၍ လည်းကောင်း၊ အသီးမှည့်ကို အစေးကန့်များဖယ်၍ အစိမ်းစားနိုင်သည်။ ဖျော်ရည်အဖြစ် ဖျော်၍ သောက်နိုင်သည်။ အရွက်နုကို တို့စရာအဖြစ် စားသုံးနိုင်သည်။ မျက်စိ နာပါက အရွက်ကိုကြိတ်၍ အုံပေးပါက မျက်စိနာပျောက်သည်။ အရွက်နုအရည်ကိုကြိတ်၍ နေ့စဉ်သောက်ပေးပါက ဆီးချိုရောဂါ ပျောက်ကင်းသည်။
No comments:
Post a Comment