ကမ္ဘာကြီးမှာ ရာသီဥတုတွေ ကမောက်ကမဖြစ်သွားတဲ့အထိ ပူနွေးလာမူမှာ ကားတွေလည်း တရာခံအဖြစ် ပါဝင်ပါတယ်။ ရေရှည်မှာ ကားတွေ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ဟာ လေယာဉ်ပျံက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထက် အချိုးအစား ပိုများတယ်လို့ American Chemical Society အသင်းကြီးက လေ့လာဖော်ထုတ်ခဲ့ပါတယ်။
သြဂုဏ်လထုတ် Environmental Science and Techonology စာစောင်မှာ ကားတစ်စင်း ခရီးသွားတဲ့အခါ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ အဲဒီခရီးကိုပဲ လေယာဉ်နဲ့ သွားတဲ့အခါ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ နိုင်းစာလိုက်ရင် ခရီးသည် တစ်ဦးချင်း ခရီးရောက်မိုင်မှာ လေယာဉ်ပျံက ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိတဲ့ အချိုးအစား အလွန်နည်းပါသတဲ့။
ဒါ့အပြင် လေယာဉ်က ကောင်းကင်ပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ခဲ့တာဖြစ်လို့ ဓာတ်ပြယ်မူဟာ ပိုမိုလွယ်ကူပါတယ်။
No comments:
Post a Comment