ပါဠိ၊ အနက်၊ ဘာသာစကားတို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သော ဉာဏ်တော်ဖြစ်သည်။ ၎င်းပဋိဘမ္ဘိဒါဉာဏ်မှာ အောက်ပါအတိုင်း လေးပါးဖြစ်သည် -
(၁) အတ္တပဋိသမ္ဘိဒါ = အနက်အဓိပ္ပာယ်၊ သို့မဟုတ် အကျိုးတရားကိုခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၂) ဓမ္မပဋိသမ္ဘိဒါ = ပါဠိ၊ သို့မဟုတ် အကြောင်းတရားကို ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၃) နိရုတ္တိပဋိဘမ္ဘိဒါ = ဘာသာစကားတည်ဆောက်မူသဒ္ဒါ၊ သို့မဟုတ် အရိယာတို့ အသုံးပြုသော မာဂဓဘာသာ ဝေါဟာရကို ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်၊
(၄) ပဋိဘာနပဋိသမ္ဘိဒါ = ပြဆိုပြီးသော ပဋိသမ္ဘိဒါဉာဏ်သုံးမျိုးကိုခွဲခြမ်းစိတ်ဖြာ၍ အကျယ်သိသော ဉာဏ်။
ဗုဒ္ဓဉာဏ်တော် ၁၄ - ပါး
ဗုဒ္ဓဉာဏ်တော် ၁၄ - ပါးဟူသည်မှာ အထက်တွင် ဖော်ပြခဲ့ပြီးသော ပဋိသမ္ဘိဒါဉာဏ်တော် လေးပါး၊ ဒသဗလဉာဏ်တော် ၁၀ - ပါး၊ ပေါင်း ၁၄ - ပါးတို့ကိုပင် ဗုဒ္ဓဉာဏ်တော်ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။
No comments:
Post a Comment