စိဉ္စမာဏ၀ိကာကာ သာဝတ္ထိပြည်၌နေသူ တတ္ထိတို့၏ တပည့်မတစ်ဦး ဖြစ်၏။ အသားအရေ ၀ါးဝင်းလှပ၍ ကျက်သရေရှိသော မိန်းမပျိုတစ်ဦး ဖြစ်သည်။
မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ တိတ္ထိတို့သည် နေ၏ အလင်းရောင်အောက်ရှိ ပိုစုန်းကြူပမာ တန်ခိုးအရှိအ၀ါလျော့ပါးပြီး လာဘ်လာဘ ဆုတ်ယုတ်လာကြသဖြင့် မြတ်စွာဘုရား၏ မကေင်းသတင်းထွက်ပေါ်ပြီး လာဘ်လာဘဆုတ်ယုတ်အောင် ကြံဆောင်ကြသည်။ ထိုသို့ ပြုလုပ်ရန် စိဉ္စမာဏ၀ိကာကို အသုံးချကြ၏။
စိဉ္စမာဏ၀ိကာကား ချောမော လှပရုံသာမက ပရိယာယ်မာယာ ကြွယ်ဝသူလည် ဖြစ်၏။ ညနေချမ်းအချိန် လူအများ တရားနာပြီး ဇေတ၀န်ကျောင်တော်မှ ပြန်ကြသောအခါ စိဉ္စမာဏ၀ိကာကား ပန်းနံ့သာတို့ကို ကိုင်စွဲလျက် ဇေတ၀န်ကျောင်းတော်သို့ သွားလေဟန်ပြုသည်။
လူအများက မေးလျှင်လည်း -
“ကျွန်မ သွားသည့်နေရာကို သိရလို့ ရှင်တို့အတွက် ဘာအကျိုးရှိမှာလဲ”
ဟု လူအများ သံသယပွားးလောက်အောင် ပရိယာယ်သုံး၍ ဖြေလေသည်။
စိဉ္စမာဏ၀ိကာသည် ဇေတ၀န်ကျောင်းတော်သို့ သွားဟန်ပြုပြီး ကျောင်းတော်အနီးရှိ တိတ္ထိတို့ကျောင်းတွင် ညအိပ်လေသည် သာဝတ္ထိမြို့သား အချို့သည် မြတ်စွာဘုရာကို အဦးဆုံး ဖူးတွေ့လိုသဖြင့် နံနက်စောစောထ၍ ဇေတ၀န်ကျောင်းတော်သို့ သွားကြသောအခါ စိဉ္စမာဏ၀ိကာသည် ဇေတ၀န်ကျောင်းတော်၌ ညအိပ်ပြီး ပြန်လာလဟန် မြို့တွင်းသို့ နံနက်စောစော ၀င်လာလေ့ရှိသည်။
“ဘယ်က ပြန်လာခဲ့သလဲ” ဟု လူအများကမေးလျှင် “ကျွန်မ ပြန်လာခဲ့တဲ့နေရာကို သိလို့ကော ရှင်တို့ ဘာအကျိုးရှိမှာလဲ” ဟုသာ ဖြေလေသည်။
စိဉ္စမာဏ၀ိကာသည် ထိုသို့ ပရိယာယ်မာယာသုံးပြီး နေလာခဲ့ရာ တစ်လကျာ်ကျော် ကြာသောအခါ -
“ဇေတ၀န်ကျောင်းတော်က ဂန္ဓကုဋိတိုက်တွင်းမှာ ရဟန်းဂေါတမနှင့် အတူ ညအိပ်ပြီး ပြန်လာသည်” ဟုပင် ဖြေဆိုလေသည်။ သုံးလေးလခန့် ကြာသောအခါ အ၀တ်ကြမ်းတို့ဖြင့် ၀မ်းဗိုက်ကို ရစ်ဖွဲ့ကာ ရဟန်းဂေါတမနှင့် ပေါင်းသင်း၍ ကျွန်မမှာ ကိုယ်ဝန်ရခဲ့ပါပြီ” ဟု ဉာဏ်ပညာမဲ့သူတို့အား ပြောကြားသည်။
ရှစ်လကိုးလကြာသောအခါ၌ကား ကိုယ်ဝန်တုပြုလုပ်ထးသော သစ်သားကို ၀မ်းဗိုက်မှာဖွဲ့ချည်၍ အနီရောင်အ၀တ်အထည်များကို ၀တ်ဆင်ထားသည်။ ခြေဖမိုးတို့ကို နွားမေးရိုးတို့ဖြင့် ယောင်ယမ်းအောင်ထုရိုက်၍ ကိုယ်ဝန်ရင့်မာဟန် ပြုလုပ်သည်။
တစ်နေ့သောအခါ စိဉ္စမာဏ၀ိကာသည် မြတ်စွာဘုရား တရားဟောတော်မူနေစဉ် ပလ္လတော်ရှေ့မှာရပ်ပြီး ပရိသတ်အများရှေ့တွင် မြတ်စွာဘုရားကို စွပ်စွဲပြောဆိုလေတော့သည်။
“ရဟန်းကြီး .. သင်ကာ လူအများကို တရားချည်းဟောနေ၏၊ ကျွန်မမှာ သင်ရဟန်းကြီးနှင့် ရသော ကိုယ်ဝန်ရင့်မာနေပြီ၊ သင်ရဟန်းကြီးသည် ဆေးဝါးဓာတ်စာတို့ကိုလည်း မသိ။ ကိုယ်ဝန်ကို စောင့်ရှောက်ရန် ကိုယ်တိုင်လည်း ကြောင့်ကြမစိုက်၊ ကောသလမင်း၊ ၀ိသာခါတို့ကိုလည်း တာဝန်မပေး၊
သင်ရန်းကြီးသည် ပျော်ပါးရန်သာ သိပြီး တာဝန်ယူစောင့်ရှောက်ရန် ဘာမျှ မသိပါချေတကား” စသည်ဖြင့် စွပ်စွဲပြောဆိုလေ၏။
“ဟယ် စိဉ္စမာဏ၀ိကာ … သင်၏စကား မှန်၊ မမှန်သင်နှင့် ငါသာ အသိဆုံးဖြစ်သည်” ဟု မိန့်တော်မူသည်။
“မှန်ပါသည် ရန်းကြီး … သင်နှင့်ငါသာ သိကြ၍ပင် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်လာရပေသည်” ဟု -
စိဉ္စမာဏ၀ိကာ က ရပ်လျက်ပင် တုံ့ပြန် ပြောဆိုလိုက်သည်။
ထိုအခိုက် မြတ်စွာဘုရားရှင်၏ ပါရမီတန်ခိုးတော်ကြောင့် ရုတ်တရက် တိုက်ခတ်လိုကသော လေအဟုတ်ဖြင့် စိဉ္စဏ၀ိကာ၏ အပေါ်ရုံအ၀တ်ထည်မှာ အထက်သို့ ဆွဲလှန်လိုက်သကဲ့သို့ လွင့်တက်သွား၏။ ၀မ်း၌ ရစ်ဖွဲ့ချည်ထားသော ကိုယ်ဝန်တု သစ်သားကြီးသည်လည်း စိဉ္စမာဏ၀ိကာ၏ ခြေဖမိုးနှစ်ဘက်ပေါ်သို့ ပြုတ်ကျကာ ခြေဖျားများပင် ပြတ်ကြွေသွား၏။
တရားနာပရိသတ်များ ချက်ချင်းပင် အဖြစ်မှန်ကို သိရှိကြပြီး -
“ဟယ် … အယတ်မ … သင်ကား မြတ်စွာဘုရားပိုပင် စွပ်စွဲဆဲရေးဘိ၏” ဟု -
စိဉ္စမာဏ၀ိကာကို ပြောဆိုကြိမ်းမောင်းကာ ရိုက်ပုတ်၍ ကျောင်ေးတ်ာမှ နှင်ထုတ်လိုက်ကြသည်။
စိဉ္စမာဏ၀ိကာသည် မြတ်စွာဘုရား မြင်လောက်ရာအရပါကို ကျော်လွန်လျှေင် မြေမျို၍ မဟာအ၀ီစိငရဲသို့ ကျရောက်ရလေတော့၏။
No comments:
Post a Comment