Sunday, 30 January 2011

ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ


မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၁၀၀)မြောက်၌ သာသနာတော်ယုတ်လျော့ မှေးမှိန်ခြင်း၏ အကြောင်းဖြစ်သော အဓမ္မ၀တ္ထု ဆယ်ပါး ပေါ်ပေါက်လာသည်။ ဝေသာလီပြည်နေ ၀ဇ္ဇီတိုင်းသား ရဟန်းများသည် “ရွှေ ငွေကို အလှူခံကောင်းသည်” စသော ဆယ်ပါးသော အဓမ္မ၀တ္ထုတို့ကို အပ်စပ်လေဟန် ဓမ္မ၀တ္ထုပြုလုပ်ကြသဖြင့် အရှင်အာနန္ဒာမထေရ်၏ တပည့်ဖြစ်သော အရှင်ယသ ရဟန္တာမထေရ်ကြီးက အမှန်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ အရှင်ယသမထေရ်၏ ကြိုးပမ်းအားထုတ်မူကြောင့် အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိ စသော ရဟန္တာမထေရ်ကြီးများသည် သေသာလီ ဝေသာလီပြည် ၀ါလိကာရုံကျောင်းတော်၌ စည်းဝေးကြသည်။ အဓမ္မ၀တ္ထုဆယ်ပါးကို သံဃာ့အလယ်တွင် ဖြေရှင်း ဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရား၏ တရားတော်များ သန့်ရှင်းစေရန် ရှစ်လတိုင်တိုင် သံဂါယနာတင်တော်မူကြသည်။ ကာလာသောကမင်း၏ အကူအညီကို ရယူတော်မူခဲ့ကြသည်။

ထိုအခါ မဇ္ဈိမဒေသ ပါဋလိပုတ်၌ ကာလာသောကမင်း နန်းစံ(၁၀)နှစ် ဖြစ်သည်။ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ဒွတ္တပေါင်မင်းကြီး ဘိသိက်မခံမီ တစ်နှစ်အချိန်ဖြစ်သည်။ ကာလာသောကမင်းနှင့် ဒွတ္တပေါင်းမင်းတို့ နန်းပြိုင် ဖြစ်ကြ၏။

No comments:

Post a Comment