Wednesday, 5 January 2011

သောတာပန်နှင့် အလားတူသောဒါန



သောတာပန်နှင့် အလားတူအကျိုးကြီးသောဒါနမှာ -

(၁) ဆွမ်းဒါယကာ၏ အမည်ကိုရေး၍ သံဃာထဲမှ မဲကျသော ရဟန်းတို့အား လှူဒါန်းအပ်သော သလာကဘတ်အလှူ၊

(၂) လဆန်း-လဆုတ် ၇-ရက်၊ ၈-ရက်၊ ၁၄-ရက်၊ ၁၅-ရက်နေ့တို့၌ ဥပုသ်စောင့်သုံးကာ လှူဒါန်းအပ်သော ပက္ခိကဘတ်အလှူ၊

(၃) ၀ါဆိုသင်္ကန်း အလှူ၊

(၄) ရေတွင်းရေကန် အလှူ၊

(၅) ဇရပ်၊ တန်ဆောင်၊ ကျောင်း အလှူတို့ ဖြစ်သည်။

ထိုဒါနသည် သောတာပန်နှင့် အလားတူစွာ အပါယ်သို့ မကျရောက်ရတော့ဘဲ သုဂတိဘ၀တို့သို့သာ အမြဲလားရောက်ရခြင်းဟူသော အကျိုးကို ရရှိသည်။ သို့ဖြစ်၍ ဤဒါနသည် အကျိုးကြီးသောဒါနမည်၏။

No comments:

Post a Comment