၁။ အနနုဿုတသုတ်
ရဟန်းတို့ ! ရှေးက မကြားဖူးသေးသော သစ္စာ ၄-ပါး တရားတို့၌ ထူးသောဉာဏ်ဖြင့် ငါဘုရားသိလိုက်ခြင်းကြောင့် အပြီးအဆုံး တဖက်ကမ်းသို့ ရောက်ပြီဟု ငါဝန်ခံတော်မူသည်။
မြင့်မြတ်သော ဘုရားအဖြစ်ကို ၀န်ခံကြောင်းလည်းဖြစ်၊ ပရိသတ်တို့၌ ရဲရင့်သော စကားသံကို မြွတ်ဆိုကြောင်း၊ မြတ်သော တရားစကြာကို လည်စေကြောင်းများလည်း ဖြစ်သော ငါဘုရားအားတော်တို့သည် ဆိုလတံ့သော ၅-မျိုးတည်း။
ယင်း ၅-မျိုးမှာ -
၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။ သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာ တို့တည်း။
ဆောင် - ဗလငါးဖြာ၊ ရှိသည့်တာကြောင့်၊ မြတ်စွာဗုဒ္ဓ၊ ဘုရားအဖြစ်၊ ၀န်ခံလစ်ကာ၊ ရဲစွာ မိန့်ကြား၊ တရားစကြာ၊ လည်စေပါ၏။
ပထမသုတ် ပြီး၏။
No comments:
Post a Comment