ကဲ့ရဲ့ဖွယ် အကြောင်း ၅-မျိုး
ရဟန်းတို့ ! သိက္ခာချပြီး လူထွက်သွားသော ရဟန်း/ရဟန်းမ မည်သူမဆိုထံသို့ ယခုဘ၀၌ပင် ပြောဆို ကဲ့ရဲ့ဖွယ် အကြောင်း ၅-မျိုး ရောက်လာတတ်ကြသည်။
ယင်း ၅-မျိုးမှာ -
ကုသိုလ်တရားတို့၌ -
၁။ သဒ္ဓါ မည်သည်လည်း သင့်မှာ မရှိခဲ့။
၂။ ဟိရီ မည်သည်လည်း သင့်မှာ မရှိခဲ့။
၃။ သြတ္တပ္ပ မည်သည်လည်း သင့်မှာ မရှိခဲ့။
၎။ ၀ီရိယ မည်သည်လည်း သင့်မှာ မရှိခဲ့။
၅။ ပညာ မည်သည်လည်း သင့်မှာ မရှိခဲ့။
ချီးကျူးဖွယ် အကြောင်း ၅-မျိုး
ရဟန်း/ရဟန်းမ မည်သူမဆို ကိုယ်ရောစိတ်ပါ ဆင်းရဲစွာ မျက်ရည်ထွက် ငိုရလောက်အောင်ပင် မြတ်သော အကျင့်ကို ပြည့်စုံ, စင်ကြယ်အောင် ကျင့်သုံးသူထံသို့ ယခုဘ၀၌ပင် ချီးကျူးဖွယ် အကြောင်း ၅-မျိုးတို့ ရောက်လာတတ်ကြသည်။
ယင်း ၅-မျိုးမှာ -
ကုသိုလ်တရား၌ -
၁။ သဒ္ဓါ မည်သည်လည်း သင့်မှာ ရှိပေသည်။
၂။ ဟိရီ မည်သည်လည်း သင့်မှာ ရှိပေသည်။
၃။ သြတ္တပ္ပ မည်သည်လည်း သင့်မှာ ရှိပေသည်။
၎။ ၀ီရိယ မည်သည်လည်း သင့်မှာ ရှိပေသည်။
၅။ ပညာ မည်သည်လည်း သင့်မှာ ရှိပေသည်။
ပဉ္စမသုတ် ပြီး၏။
No comments:
Post a Comment