Sunday, 13 March 2011

၃။ သမ္မသမာဓိသုတ်



ရဟန်းတို့ !



ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် သမ္မာသမာဓိသို့ ရောက်၍ နေခြင်းငှါ မထိုက်(သမ္မာသမာဓိနှင့် မပြည့်စုံနိုင်)။



ယင်း ၅-မျိုးမှာ -



ဤသာသနာတော်၌ ရဟန်းသည် -



၁။ ရူပါရုံ (အဆင်း) များကို သည်းမခံနိုင်။



၂။ ၃။ ၄။ ၅။ (စသည်ဖြင့် ထေရ၀ဂ်၊ အက္ခမသုတ်နှင့် တူသည်)





ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် သမ္မာသမာဓိသို့ ရောက်၍ နေခြင်းငှါ ထိုက်သည် (သမ္မာသမာဓိနှင့် ပြည့်စုံနိုင်သည်)။



ယင်း ၅-မျိုးမှာ -



ဤသာသနာတော်၌ ရဟန်းသည် -



၁။ ရူပါရုံ (အဆင်း) များကို သည်းခံနိုင်သည်။



၂။ ၃။ ၄။ ၅။ (စသည်ဖြင့် ထေရ၀ဂ်၊ အက္ခမသုတ်နှင့် တူသည်)



ဆောင်

- အာရုံငါးတန်၊ သည်းမခံ၊ သူ့ထံ သမာဓိမရောက်နိုင်။



အာရုံငါးတန်၊ သည်းညည်းခံ၊ သူ့ထံ သမာဓိရောက်နိုင်။




တတိယသုတ် ပြီး၏။

No comments:

Post a Comment