ရဟန်းတို့ ! ရဟန်း, ရဟန်းမ မည်သူမဆို ဤဆိုလတံ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများသူဖြစ်မူ ယခုဘ၀မှာပင် အရဟတ္တဖိုလ်နှင့် အနာဂါမိဖိုလ် ဤအကျိုး ၂-မျိုး တစ်မျိုးမျိုးကို ဧကန်ရမည်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ ဆန္ဒဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ဆန္ဒိဒ္ဓိပါဒ်ကို ပွါးများသည်။
၂။ ၀ီရိယ ဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ၀ီရိယိဒ္ဓိပါဒ်ကို ပွါးများသည်။
၃။ စိတ်ဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော စိတ္တိဒ္ဓိပါဒ်ကို ပွါးများသည်။
၎။ ပညာဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ၀ီမံသဒ္ဓိပါဒ်ကို ပွါးများသည်။
၅။ လွန်ကဲပြင်းထန်စွာ အားထုတ်မူ လုံ့လ၀ီရိယကို ပွါးများသည်။
ဆောင် - ဆန္ဒ, ၀ီရိယ, စိတ္တ, ၀ီမံသာ၊ ဆိုင်ရာ သမာဓိ၊ လေး ဣဒ္ဓိနှင့်၊ ကဲဘိ လုံ့လ၊ ပွါးတုံကမူ၊ မှတ်ယူ ရဟန္တာ၊ အနာဂါ၊ ရောက်မှာ တစ်မျိုးမျိုး။
သတ္တမသုတ် ပြီး၏။
No comments:
Post a Comment