Saturday, 5 March 2011

၉။ နိဗ္ဗိဒါသုတ်


ရဟန်းတို့ ! ဤဆိုလတံ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများသည်ရှိသော သံသရာဝဋိဆင်းရဲ၌ ဏကန်ငြီးငွေ့ခြင်းငှါ, မတပ်မက်ခြင်းငှါ, ၀ဋ်ဆင်းရဲချုပ်ငြိမ်းခြင်းငှါ, အေးငြိမ်းခြင်းငှါ, အထူး သိခြင်းငှါ, သစ္စာ ၄-ပါးကို ထိုးထွင်း၍ သိခြင်းငှါ, နိဗ္ဗာန်အကျိုးငှါ ဖြစ်ကြသည်။ ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ခန္ဓာကိုယ်၌ အသုဘဟု ရူလျက်နေသည်။
(အသုဘ-သူသေကောင်သဖွယ် စက်ဆုပ်ရွံရှာဖွယ်)

၂။ စားသောက်အပ်သော အစာ၌ စက်ဆုပ်ရွံရှာဖွယ် အမှတ်ရှိလျက်နေသည်။

၃။ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိဟူသော အမှတ်ရှိလျက်နေသည်။

၎။ သင်္ခါရတရား အားလုံး၌ မမြဲဟု ရူလျက်နေသည်။

၅။ စိတ်သန္တာန်မှာ မရဏသညာ ကောင်းစွာတည်နေသည်။
(မရဏသညာ-သေခြင်း၌ဖြစ်သော အမှတ်)

ဆောင် - ခန္ဓာ၌၀ယ်၊ မတင့်တယ်နှင့်၊ ရွံဖွယ် အစာ၊ အားလုံးမှာ မမွေ့၊ ရူလေ့ မမြဲ၊ ကိုယ်ထြ သေမှတ်၊ ဤငါးရပ်၊ အမြတ်နိဗ္ဗာန်နှင့် အသာသဝေါကုန်ရန်တည်း။

န၀မသုတ် ပြီး၏။

No comments:

Post a Comment