၁။ သာရဇ္ဇသုတ်
ရဟန်းတို့ ! သေက္ခ(ကျင့်ဆဲ) ပုဂ္ဂိုလ်ကို ရဲရင့်အောင် ပြုတတ်သည့် တရား ၅-မျိုးဟူသည်မှာ -
သဒ္ဓါ၊ သီလ၊ ဗဟုဿုတ၊ ၀ီရိယ၊ ပညာ တို့တည်း။
မှန်ပါသည် -
၁။ သဒ္ဓါတရား မရှိသူမှာ ဖြစ်တတ်သည့် နှလုံးမသာယာခြင်းသည် သဒ္ဓါတရားရှိသူမှာ မဖြစ်နိုင်၊ ထို့ကြောင့် သဒ္ဓါတရားသည် သေက္ခပုဂ္ဂိုလ်အတွက် ရဲရင့်မူကို ပြုတတ်သည်။
၂။ သီလ မရှိသူမှာ ဖြစ်တတ်သည့် နှလုံးမသာယာခြင်းသည် သီလရှိသူမှာ မဖြစ်နိုင်၊ ထို့ကြောင့် သီလသည် သေက္ခ ပုဂ္ဂိုလ်အတွက် ရဲရင့်မူကို ပြုတတ်သည်။
၃။ ဗဟုသုတ မရှိသူမှာ ဖြစ်တတ်သည့် နှလုံးမသာယာခြင်းသည် ဗဟုသုတရှိသူမှာ မဖြစ်နိုင်၊ ထို့ကြောင့် ဗဟုသုတသည် သေက္ခပုဂ္ဂိုလ်အတွက် ရဲရင့်မူကို ပြုတတ်သည်။
၎။ ပျင်းရိသူမှာ ဖြစ်တတ်သည့် နှလုံးမသာယာခြင်းသည် လုံ့လ ၀ီရိယရှိသူမှာ မဖြစ်နိုင်၊ ထို့ကြောင့် လုံ့လ ၀ရိယသည် သေက္ခ ပုဂ္ဂိုလ်အတွက် ရဲရင့်မူကို ပြုတတ်သည်။
၅။ ပညာမဲ့သူမှာ ဖြစ်တတ်သည့် နှလုံးမသာယာခြင်းသည် ပညာရှိသူမှာ မဖြစ်နိုင်၊ ထို့ကြောင့် ပညာသည် သေက္ခ ပုဂ္ဂိုလ်အတွက် ရဲရင့်မူကို ပြုတတ်သည်။
ဆောင် - သဒ္ဓါ, သီလ၊ နောက် သုတနှင့်၊ လုံ့လ, ပညာ၊ ဤငါးဖြာ၊ မှန်စွာ ရဲရင့်ကြောင်း။
ပထမသုတ် ပြီး၏။
No comments:
Post a Comment