ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများခဲ့သော ရဟန်း, ရဟန်းမ မည်သူမဆို မျက်မှောက်ဘ၀၌ပင် ရဟန္တာဖြစ်ရခြင်းနှင့် အနာဂါမ်ဖြစ်ရခြင်း အကျိုး ၂-မျိုးတွင် တမျိုးမျိုးကို ဧကန် ရမည်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌
၁။ ရဟန်း၏ စိတ်သန္တာန်မှာ သတိ မလပ် တည်နေသည်။
၂။ ရဟန်းသည် သင်္ခါရတရားတို့၏ အဖြစ်အပျက်ကိုသိသော ပညာဖြင့် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရူလျက် နေသည်။
၃။ ရဟန်းသည် သုံးဆောင်အပ်သော အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ထားနေသည်။
၎။ ရဟန်းသည် လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ထားနေသည်။
၅။ ရဟန်းသည် သင်္ခါရတရား အားလုံးတို့၌ မမြဲဟု ရူလျက်နေသည်။
ဆောင် - ဖြစ်, ပျက် မြင်ကာ၊ ခန္ဓာ မတင့်တယ်၊ ရွံဖွယ် အစာ၊ အားလုံးမှာ မမွေ့၊ ရူလေ့ မမြဲ၊ ငါးရပ်စွဲ၊ မလွဲ အနာဂါမ်, ရဟန္တာဖြစ်ဖို့တည်း။
ဒုတိယသုတ် ပြီး၏။
No comments:
Post a Comment