Sunday, 6 March 2011

၅။ အက္ခမသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သီတင်သုံးဖော်တို့ မချစ်ခင်ထိုက် မမြတ်နိုးထိုက် အလေးဂရု မပြုထိုက် မချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ရူပါရုံ (အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဒါရုံ (အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ (အနံ့)များကို သည်းမခံနိုင်။

၎။ ရသာရုံ (အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) များကို သည်းမခံနိုင်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူ မထေရ်ရန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလေးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ရူပါရုံ (အဆင်း) များကို သည်းခံနိုင်သည်။

၂။ သဒ္ဒါရုံ (အသံ) များကို သည်းခံနိုင်သည်။

၃။ ဂန္ဓာရုံ (အနံ့) များကို သည်းခံနိုင်သည်။

၎။ ရသာရုံ (အရသာ) များကို သည်းခံနိုင်သည်။

၅။ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) များကို သည်းခံနိုင်သည်။

ဆောင် - အာရုံငါးတန်၊ သည်းမခံပေ၊ ထိုမထေရ်၊ ရိုသေလေးမြတ် မပြုအပ်။

ပဉ္စမသုတ် ပြီး၏

No comments:

Post a Comment