၁။ ပထမ သညာသုတ်
ရဟန်းတို့ ! ကြိမ်ဖန်များစွာ လေ့လာပွါးများသည်ရှိသော် အကျိုးအာနိသင်လည်း ကြီးမား၍ အမြိုက်နိဗ္ဗာန်သို့လည်း သက်ဝင်နိုင်, အမြိုက် နိဗ္ဗာန် အဆုံးပန်းတိုင် ဆိုက်ရောက်နိုင်သည့် သညာ ၅-မျိုးမှာ -
၁။ အသုဘသညာ၊
၂။ မရဏသညာ၊
၃။ အာဒီန၀သညာ၊
၎။ အာဟာရေ ပဋိကူလသညာ၊
၅။ သဗ္ဗလောက အနဘိရတိ သညာ တို့ဖြစ်သည်။
(အသုဘသညာ-ခန္ဓာကိုယ်၌ စက်ဆုပ်ရွံရှာဖွယ်ဟူသော အမှတ်၊ မရဏသညာ- သေခြင်းတရား၌ ဖြစ်သော အမှတ်၊ အာဒီနပသညာ-ရုပ်နာမ်တရားတို့အပေါ်ဝယ် အပြစ်မြင်သော အမှတ်၊ အာဟာရေ ပဋိကူလသညာ-အစာအဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟူသော အမှတ်၊ သဗ္ဗလောက အနဘိရတိသညာ-လောကအားလုံး၌ မမွေ့လျော် မနှစ်သက်ဖွယ်ဟူသော အမှတ်)
ဆောင် - အသုဘဟု၊ သေခြင်းစုနှင့်၊ ပြစ်မူဆိုင်ရာ၊ အစာ ရွံဖွယ်၊ အားလုံးဝယ် မမွေ့၊ မှတ်လေ ဖွယ်ရာ၊ ငါးသညာ၊ သေချာ အကျိုးကြီး။
ပထမသုတ် ပြီး၏။
No comments:
Post a Comment