စကြာရတနာကို လည်စေကြောင်း အင်္ဂါရပ်
ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် စကြ၀တေးမင်း၏ သားကြီးသည် ခမည်းတော် လည်စေအပ်သော စကြာရတနာကို ကုသိုလ်ကမ္မပထတရား ၁၀-ပါးဖြင့်သာ အတုလိုက်၍ လည်စေသည်။
ထိုစကြာရတနာကို ရန်သူ လူသတ္တ၀ါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ စကြ၀တေးမင်း၏ သားကြီးသည် -
၁။ တိုင်းသူပြည်သား၏ အကျိုးစီးပွားကိုလည်း သိသည်။
၂။ မင်းတို့ရိုးရာ စဉ်လာမပြတ် ပြုကျင့်အပ်သော တရားကိုလည်း သိသည်။
၃။ ပြစ်ဒဏ် သတ်မှတ် စစ်တပ်ဗိုလ်ပါ အတိုင်းအရှည်ကိုလည်း သိသည်။
၎။ မင်းစည်းစိမ် ခံစားချိန် စသော အခါကာလကိုလည်း သိသည်။
၅။ မင်း, ပုဏ္ဏားစသော ပရိသတ်အမျိုးအစားကိုလည်း ခွဲခြားသိသည်။
ဓမ္မစကြာကို လည်စေကြောင်း တရား
ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် သာရိပုတြာသည် ငါဘုရား လည်စေတော်မူအပ်သော အတုမရှိသည့် ဓမ္မစက်ကို ဟုတ်မှန်သော အကြောင်းနည်းလမ်းဖြင့်သာ အတုလိုက်၍ လည်စေသည်။
ထိုဓမ္မစက်ကို လောက၌ သမဏ, ဗြာဟ္မဏ, နတ်, မာရ်နတ်, ဗြဟ္မာ မည်သူ တစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ သာရိပုတြာသည် -
၁။ သူကျိုး, ကိုယ်ကျိုး နှစ်မျိုးရောမြှောက် မျက်မှောက်, တမလွန် ငါးတန်သော အကျိုးစီးပွားကိုလည်း သိသည်။
၂။ သစ္စာလေးပါး တရားကိုလည်း သိတော်မူသည်။
၃။ ပစ္စည်းလေးပါးတို့၌ ခံယူ, သုံးဆောင်မူ အတိုင်းအရှည်ကိုလည်း သိတော်မူသည်။
၎။ အခါကာလကိုလည်း သိတော်မူသည်။
(တစ်ပါးတည်း ကိန်းအောင်းချိန်, သမာပတ်ဝင်စားချိန် စသော အခါ)
၅။ ပရိသတ်ကိုလည်း သိတော်မူသည်။
စကြာဝတေးမင်း ကျင့်ဝတ် ၁၀/ ၁၂ ပါး
၁။ နန်းတွင်းသူ နန်းတွင်းသား စစ်သည်ဗိုလ်ပါအပေါင်း၊
၂။ အဘိသိက်ခံပြီးသော မင်း၊
၃။ အဘိသိက် မခံရသေးသော အရံမင်း၊
၎။ ပုဏ္ဏား, သူကြွယ်၊
၅။ နိဂုံးသား ဇနပုဒ်သား၊
၆။ သမဏ, ဗြဟ္မဏ၊
၇။ သားငှက် - တို့အပေါ် တရားနှင့်အညီ စောင့်ရှောက်မူ ကာကွယ်မူ လုံခြုံမူကို စီရင်ခြင်း၊
၈။ မတရားမူများကို ဖယ်ရှားပေးခြင်း၊
၉။ ပစ္စည်းမဲ့များကို ပစ္စည်းပေးခြင်း၊
၁၀။ သမဏ, ဗြဟ္မဏတို့ထံ ချဉ်းကပ်၍ ပြဿနာမေးမြန်းခြင်း။
(နံပါတ် ၄၊ ၇ တို့၌ ပုဏ္ဏားနှင့် သူကြွယ်၊ သားကောင်နှင့် ငှက်တို့ကို နှစ်ခုစီ ခွဲလျှင် ၁၂-ပါး ဖြစ်သည်။)
ဒုတိယသုတ် ပြီး၏။
တောရွာလေးကို လာလည်ပြီးအေးမြတဲ့ ဓမ္မှဗဟုသုတတွေ ရှာဖွေသယ်ဆောင်သွားပါတယ်။ တောသူမလေးရေ၊ ဒီနေ့မှ စမေးပွဲပြီးလို့ စာလေးတွေလိုက်ဖတ်နေတာ(ကိုယ့်စာလေးလည်း လာဖတ်မလားလို့ပေါ့လေ) တရားစာတွေ တွေ့တော့ “အောင်မလေး ငါမရတဲ့ စာတွေ များကြီးပါလား။ နောက်စာမေးပွဲကျရင် ဒါတွေမေးရင် ဒုက္ခပဲ”လို့လန့်သွားတယ်(ပျော်ရွှင်စေဘို့ပါ) အေးချမ်းပါစေ။ စေတနာပန်းခင်း
ReplyDelete