ရဟန်းတို့ !
အသက်တိုကြောင်း တရား ၅-မျိုးမှာ -
၁။ မသင့်လျော်သည်ကို ပြုလုပ်လေ့ရှိသည်။
၂။ သင့်လျော်သည်၌ အတိုင်းအရှည်ကို မသိတတ်။
၃။ မကြေကျက်လွယ်သော အစာကို စားလေ့ရှိသည်။
၎။ အချိန်မဲ့ အခါမဲ့ သွားလာတတ်သည်။
၅။ မေထုန်(ကာမဆက်ဆံမူ) အကျင့်ကို ကျင့်လေ့ရှိသည်။
အသက်ရှည်ကြောင်း တရား ၅-မျိုးမှာ -
၁။ သင့်လျော်သည်ကို ပြုလုပ်လေ့ရှိသည်။
၂။ သင့်လျော်သည်၌ အတိုင်းအရှည်ကို သိသည်။
၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိသည်။
၎။ သွားသင့်ရာ အချိန်အခါ၌ သွားလာတတ်သည်။
၅။ မေထုန်အကျင့်မှ ရှောင်ကြဉ်သည်။
ဆောင် - လျော်စွာ ပြုတတ်၊ လျောက်ပတ် တိုင်းရှည်၊ သိသည် တစ်ထွေ၊ ကြေလွယ် အစာ၊ စားတတ်ပါနှင့်၊ အခါ၌သာ၊ သွားလာတုံလတ်၊ အကျင့်မြတ်ကျင့်၊ ဤငါးဆင့်၊ မှတ်လင့် အသက်ရှည်ကြောင်းများ။
ပဉ္စမသုတ် ပြီး၏။
No comments:
Post a Comment