ရဟန်းတို့ !
ဆိုလတံ့သော တရား ၅-မျိုးပြည့်စုံသည့် ရဟန်းသည် -
(က) အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်၊ (အာဟုနေယျဂုဏ်နှင့် ပြည့်စုံသည်)။
(ခ) ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်၊ (ပါဟုနေယျဂုဏ်နှင့် ပြည့်စုံသည်)။
(ဂ) တမလွန်အတွက် ရည်မြှော်သော အလှူကိုလည်း ခံထိုက်သည်၊ (ဒက္ခိဏေယျဂုဏ်နှင့် ပြည့်စုံသည်)။
(ဃ) လက်အုပ်ချီခြင်းကိုလည်း ခံထိုက်သည်၊ (အဉ္စလီ ကရဏီယဂုဏ်နှင့် ပြည့်စုံသည်)။
(င) သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်၊ (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဂုဏ်နှင့် ပြည့်စုံသည်)။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ သီလ
၂။ သမာဓိ၊
၃။ ပညာ၊
၎။ ၀ိမုတ္တိ (ကိလေသာမှ လွတ်မြောက်မူ အရဟတ္တဖိုလ်)၊
၅။ ၀ိမုတ္တိဉာဏဒဿန (အရဟတ္တဖိုလ်ကို သိမြင် ဆင်ခြင်သော ပစ္စဝေက္ခဏ ဉာဏ်အမြင်)နှင့် ပြည့်စုံသည်။
ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိ၊ ၀ိမုတ္တိဉာ၊ ငါးဖြာ ပြည့်လျှမ်း၊ ထိုရဟန်းမှာ၊ မြတ်သံဃာ၊ မှန်စွာ ဂုဏ်များထိုက်။
သတ္တမသုတ် ပြီး၏။
No comments:
Post a Comment