ရဟန်းတို့ !
ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ရဟန်းတို့တွင် သိမ်မွေ့သော ရဟန်း ဖြစ်တော့သည်။
ဤသာသနာတော်၌ ရဟန်းသည် -
၁။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်း ၄-ပါးကို သုံးဆောင်ရာ၌ အလှူရှင် ကိုယ်တိုင်က -
“တပည့်တော်တို့ကို ချီးမြှောက်သောအားဖြင့် တပည့်တော်တို့၏ ပစ္စည်းကို အလှူခံတော်မူပါ” ဟု တောင်းပန် လျှောက်ထား၍ လှူသော ပစ္စည်းကိုသာ သုံးဆောင်ရသည်က များသည်၊ တောင်းပန်မခံရပဲ သုံးဆောင်ရသည်ကား အနည်းငယ်သာ ဖြစ်သည်။
၂။ အတူနေ သီတင်းသုံးဖော်တို့က နှစ်ခြိုက်ဖွယ် ကိုယ်, နူတ်, စိတ် အမူအရာတို့ဖြင့်သာ ပြုမူဆက်ဆံကြသည်က များသည်၊ မနှစ်ခြိုက်ဖွယ် ကိုယ်, နူတ်, စိတ်အမူအရာတို့ဖြင့် ပြုမူဆက်ဆံကြသည်ကား အနည်းငယ်သာတည်း၊ နှစ်ခြိုက်ဖွယ် ပူဇော်မူကို ပူဇော်ကြသည်က များသည်၊ မနှစ်ခြိုက်ဖွယ် ပူဇော်မူကို ပူဇော်ကြသည်ကား အနည်းငယ်သာတည်း။
၃။ သည်းခြေ, သလိပ်, လေ တမျိုးမျိုးတို့ကြောင့်သော်လည်းကောင်း၊ ယင်း ၃-မျိုးပေါင်းစုံမူကြောင့် သော်လည်းကောင်း၊ ဥတုဖောက်ပြန်မူ, မသင့်မတင့် ဆောင်ရွက်မူ, သူတပါးပယောဂ, ကံအကျိုးပေး တမျိုးမျိုးကြောင့် သော်လည်းကောင်း ဖြစ်ပေါ်တက်သော ရောဂါဝေဒနာများ ထိုရဟန်းမှာ များများစားစား မခံစားရ၊ အနာကင်းသည်။
၎။ ရူပါဝစရဈာန် ၄-ပါးကို အလိုရှိတိုင်း ရနိုင်သည်။
၅။ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားသည်။
(၄၊၅-ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း အကျယ်သိပါ)
ရဟန်းတို့ ! ရဟန်းတို့တွင် သိမ်မွေ့သော ရဟန်း” ဟု ပြောလိုလျှင် ငါဘုရားကို ရည်ရွယ်ပြောမှ အမှန်ပြောရာ ရောက်မည်။
အဘယ်ကြောင့်ဆိုသော် -
ဖော်ပြခဲ့သော ၁, ၂, ၃, ၄, ၅-ပါ အချက်အလက်များ ငါဘုရားမှာ အပြည့်အစုံ ရှိနေပါသည်။
ဆောင် - သင်္ကန်း, ဆွမ်း, ကျောင်း၊ ဆေးဝါးကောင်းကို၊ တောင်းပန် လှူရ၊ ဆက်ဆံကြ၀ယ်၊ နှစ်ခြိုက်ဖွယ်နှင့် တသွယ် ဝေဒနာ၊ ကင်းရှင်းကွာလတ်၊ ဤငါးရပ်၊ မှတ်အပ် နူးညံ့သိမ်မွေ့သူ။
စတုတ္တသုတ် ပြီး၏။
No comments:
Post a Comment