Saturday, 5 March 2011

၅။ သာကစ္ဆသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် သီတင်သုံးဖော်တို့ ဆွေးနွေးထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ကိုယ်တိုင်လည်း သီလနှင့် ပြည့်စုံသည်၊ သီလပြည့်စုံမူနှင့် စပ်သော စကားဖြင့် မေးလာသည့် ပြဿနာကိုလည်း ဖြေဆိုတတ်သည်။

၂။ ကိုယ်တိုင်လည်း သမာဓိနှင့် ပြည့်စုံသည်၊ သမာဓိပြည့်စုံမူနှင့် စပ်သော စကားဖြင့် မေးလာသည့် ပြဿနကိုလည်း ဖြေဆိုတတ်သည်။

၃။ ကိုယ်တိုင်လည်း ပညာနှင့် ပြည့်စုံသည်၊ ပညာပြည့်စုံမူနှင့် စပ်သော စကားဖြင့် မေးလာသည့် ပြဿနာကိုလည်း ဖြေဆိုတတ်သည်။

၎။ ကိုယ်တိုင်လည်း ၀ိမုတ္တိနှင့် ပြည့်စုံသည်၊ ၀ိမုတ္တိပြည့်စုံနှင့် စပ်သော စကားဖြင့် မေးလာသည့် ပြဿနာကိုလည်း ဖြေဆိုတတ်သည်။ (၀ိမုတ္တိ-ကိလေသာမှ လွတ်မြောက်မူ)

၅။ ကိုယ်တိုင်လည်း ၀ိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံသည်၊ ၀ိမုတ္တိဉာဏ ဒဿနနှင့် ပြည့်စုံသည်။ ၀ိမုတ္တိဉာဏ ဒဿနပြည့်စုံမူနှင့် စပ်သော စကားဖြင့် မေးလာသည့် ပြဿနာကိုလည်း ဖြေဆိုတတ်သည်။(၀ိမုတ္တိဉာဏဒဿန-ကိလသာမှ လွတ်မြောက်ခြင်း၌ မြင်စွမ်းနိုင်သော ဉာဏ်အမြင်)

ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိ၊ ၀ိမုတ္တိဉာ၊ ငါးဖြာအစု၊ ကိုယ်မူ ပြည့်စုံ၊ မေးတုံ ဖြေနိုင်၊ ဤငါးဆိုင်၊ ပိုင်ပိုင် ဆွေးနွေးထိုက်။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment