Tuesday, 19 April 2011

၂။ ဓမ္မဿဝနသုတ်


ရဟန်းတို့ !

တရားနာခြင်း၏ အကျိုးအာနိသင် ၅-မျိုးဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာရသည်။

၂။ ကြားဖူးသည်ကို ဖြူစင်စေသည်။

၃။ ယုံမှားမူကို လွန်မြောက်နိုင်သည်။

၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်သည်။

၅။ ထိုသူ၏ စိတ်သည် ကြည်လင်သည်။

ဆောင် - မကြားဖူး ကြား၊ ကြားဖူး ဖြူစင်၊ ယုံမှား စင်လတ်၊ ဖြောင့်မတ် အယူ၊ စိတ် ကြည်ဖြူ၊ ငါးဆူ တရားနာရကျိုး။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment