ရဟန်းတို့ ! သီလမရှိသူ၏ သီလပျက်စီးခြင်း အပြစ် ၅-မျိုးမှာ -
ဤလောက၌ သီလမရှိ သီလပျက်စီးသော ပုဂ္ဂိုလ်သည်
၁။ မေ့လျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာများစွာ ဆုံးရူံးသည်။
၂။ မကောင်း သတင်းထွက်သည်။
၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပရိသတ် မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်သောအခါ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ ညှိုးငယ်စွာ ချဉ်းကပ်ရသည်။
၎။ တွေဝေလျက် သေရသည်။
၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။
သီလရှိသူ၏ သီလပြည့်စုံခြင်း အကျိုး ၅-မျိုးမှာ -
ဤလောက၌ သီလရှိ သီလပြည့်စုံသော ပုဂ္ဂိုလ်သည် -
၁။ မမေ့လျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာများစွာ ရသည်။
၂။ ကောင်း သတင်းထွက်သည်။
၃။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပရိသတ် မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်သောအခါ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ မညှိုးငယ်ရဘဲ ချဉ်းကပ်ရသည်။
၎။ မတွေမဝေ သေရသည်။
၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။
ဆောင် - စည်းစိမ်ပျက်ယွင်း၊ မကောင်းသတင်း ထွက်၊ ပရိသတ်ဝင်၊ မရွှင်မျက်နှာ၊ တွေဝေကာ သေ၊ ငရဲပြေလား၊ ဤငါးပါး၊ ပျက်ပြားသီလ အပြစ်တွေ။
တတိယသုတ် ပြီး၏။
No comments:
Post a Comment