Wednesday, 27 April 2011

၅။ ပထမ ကုလူပကသုတ်


ရဟန်းတို့ ! အိမ်သို့ ချဉ်းကပ်သည့် ရဟန်း၌ ဖြစ်သော အပြစ် ၅-မျိုးမှာ -

၁။ မပန်ကြားဘဲ သွားလာခြင်းကြောင့် ပါစိတ်အာပတ်သင့်သည်။

၂။ ဆိတ်ကွယ်ရာ၌ အမျိုးသမီးနှင့်အတူ ထိုင်နေခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၃။ ဖုံးကွယ်ရာ နေရာ၌ အမျိုးသမီးနှင့်အတူ နေခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၎။ အမျိုးသမီးကို ငါးခွန်း ခြောက်ခွန်းထက်အလွန် တရားဟောခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

၅။ ကာမဂုဏ် အကြံအစည်များလျက် နေသည်။

ဆောင် - ပန်ကြား မသွား၊ နားနှင့် မျက်စိ၊ ကွယ်သည့် နေရာ၊ နေထိုင်ကာ နှင့်၊ တစ်ဖြာ မိန်းမ၊ ဟောထ တရား၊ ကြံများ ကာမဂုဏ်၊ ဤငါးဆုံ၊ မှတ်တုံ အိမ်ကပ် ရဟန်းမှာ။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment