Wednesday, 27 April 2011

၂။ ဒုတိယ ဒီဃစာရိကသုတ်


ရဟန်းတို့ ! ခရီးရှည်သွားခြင်း, အကန့်အသတ်မဲ့ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော တရားထူးကိုး မရ။

၁။ မရဖူးသေးသော တရားထူးကို မရ။

၂။ ရပြီးသော တရားထူးမှ ဆုတ်ယုတ်သည်။

၃။ ရပြီးသော တရားအချို့ဖြင့် မရဲရင့်။

၎။ ပြင်းထန်စွာ ရောဂါ စွဲကပ်တတ်သည်။

၅။ အဆွေခင်ပွန်းလည်း မရှိ။


အကန့်အသတ်ထား၍ ခရီးသွားခြင်း၌ အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မရဖူးသေးသော တရားထူးကို ရသည်။

၂။ ရပြီးသော တရားထူးမှ မဆုတ်ယုတ်။

၃။ ရပြီးသော တရားထူးအချို့ဖြင့် ရဲရင့်သည်။

၎။ ပြင်းထန်စွာ ရောဂါ မစွဲကပ်။

၅။ အဆွေခင်ပွန်းလည်း ရှိသည်။

ဆောင် - ကန့်သတ်ပိုင်းခြား၊ ခရီးသွားမူ၊ တရားထူးရ၊ လျောကျ မရှိ၊ မထိ ရောဂါ၊ မိတ်ဆွေပါရှိ၊ ငါးပါးသိ၊ မှတ်ဘိ အကျိုးများ။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment