၁။ ပံ့သကူ ဓုတင်ဆောင် ရဟန်း၊
၂။ ရုက္ခမူ ဓုတင်ဆောင် ရဟန်း၊
၃။ သုသာန် ဓုတင်ဆောင် ရဟန်း၊
၎။ အဗ္ဘောကာသိက ဓုတင်ဆောင် ရဟန်း၊
၅။ နိသဇ် ဓုတင်ဆောင် ရဟန်း၊
၆။ ယထာသန္ထတိ ဓုတင်ဆောင် ရဟန်း၊
၇။ ဧကာသနိက ဓုတင်ဆောင် ရဟန်း၊
၈။ ခလုပစ္ဆာ ဘတ္တိက ဓုတင်ဆောင် ရဟန်း၊
၉။ ပတ္တပိုဏ် ဓုတင်ဆောင် ရန်း တို့သည်လည်း တောနေရဟန်းကဲ့သို့ ၅-မျိုးစီ ရှိကြသည်။
ပံ့သကူ ဓုတင် - လူဒါယကာလှူသော သင်္ကန်းကို အလှူမခံဘဲ သူသေကောင်စသည်မှ ရသော သင်္ကန်းကိုသာ ၀တ်ရုံသုံးဆောင်သော အကျင့်။
ရုက္ခမု ဓုတင် - အမိုးပါသော အဆောက်အဦး၌ မနေဘဲ သစ်ပင်အောက်၌သာ နေသော အကျင့်။
သုသာန် ဓုတင် - သင်္ချိုင်း၌သာ နေသော အကျင့်။
အဗ္ဘောကာသိက ဓုတင် - နေစရာမရွေးဘဲ တာဝန်ရှိသူချထားပေးသော နေရာ၌သာ နေသော အကျင့်။
ကောသနိက ဓုတင် - နေရာပြောင်းမစားဘဲ ဣရိယာပုတ်မပြောင်းဘဲ တစ်နေရာတည်း၌သာ စားလေ့ရှိသောအကျင့်။
ခလုပစ္ဆာ ဘတ္တိက ဓုတင် - ပယ်မြစ်ပြီးနောက် ရသော ဆွမ်းကို မစားသော အကျင့်။
ပတ္ထဂိုဏ်း ဓုတင် - နှစ်ခွက် သုံးခွက် စသည်မထားဘဲ တစ်ခွက်တည်း၌သာ ဆွမ်းကို စားသော အကျင့်။
(တိစီဝရိက်၊ ပိဏ္ဍပါတ်၊ သပဒါနိက - ဓုတင် ပေါင်း ၃-ပါး မပါ)
၎-ခုမြောက် အရည၀ဂ် ပြီးပြီ။
No comments:
Post a Comment