Saturday, 23 April 2011

၉။ ဂီတဿရသုတ်


ရဟန်းတို့ ! အသံရှည်စွာ ဆွဲငင်ဆိုသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ် ၅-မျိုးမှာ -

၁။ မိမိကိုယ်တိုင်လည်း ထိုအသံကို စွဲမက်သည်။

၂။ သူတစ်ပါးတို့လည်း ထိုအသံကို စွဲမက်ကြသည်။

၃။ ငါတို့ သီချင်းဆိုသလို ဤရဟန်းများလည်း သီချင်းဆိုနေကြသည်- ဟု လူဒါယကာတို့၏ အကဲ့ရဲ့ခံသည်။

၎။ သီချင်းသံ ပြုလုပ်လိုသော ရဟန်းမှာ သမာဓိပျက်သည်။

၅။ နောင်လာ နောက်သားများ အတုလိုက်ကြသည်။

ဆောင်- သူရော, ကိုယ်ပါ၊ သံမှာ စွဲမက်၊ တစ်ချက် ကဲ့ရဲ့ခံ၊ တစ်ဖန် သမာဓိ၊ ပျက်စီးဘိငြား၊ နောက်သား တုလိုက်၊ ငါးပြစ်ဆိုက်၊ မှတ်ပိုက် သီချင်းသံဟောပြစ်များ။

န၀မသုတ်ပြီး၏။

No comments:

Post a Comment