ရဟန်းတို့ !စိတ်၏ အနှောင်အဖွဲ့တရား ၅-မျိုးဟူသည်မှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ ကာမဂုဏ်တို့၌ စွဲမက်မူ, လိုချင်မူ, မွတ်သိပ်မူ, ပူပန်မူ, တပ်မက်မူ မကင်း။
ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် အပူတပြင်း အားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။
ထို့အတူ -
၂။ ကိုယ်ခန္ဓာ၌
၃။ ရုပ်၌ တပ်မက်မူ မကင်း။
ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။
၎။ အလိုရှိတိုင်း ၀မ်းပြည့်အောင် စား၍ အိပ်မူ ချမ်းသာ, လျောင်းမူ ချမ်းသာ, ငိုက်မျဉ်းမူ ချမ်းသာဖြင့်သာ အချိန်ဖြုန်းနေသည်။
ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။
၅။ ငါကျင့်နေသော ဤသီလ, အကျင့်, ခြိုးခြံမူ, မြတ်သောအကျင့်ဖြင့် တန်ခိုးကြီးနတ် သို့မဟုတ် နတ်မျိုးမျိုး ဖြစ်လိမ့်မည် - ဟူသော နတ်ဘ၀ တစ်မျိုးမျိုးကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်သည်။
ထိုသို့ဖြစ်နေသော ရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းအားထုတ်ရန် မညွတ်။
(ဤ သုတ်ဆိုလိုရင်းမှာ -
၁။ ပစ္စည်းလေးဝ ၀တ္ထုကာလ၊
၂။ ကိုယ်ခန္ဓာ၊
၃။ ရုပ်အဆင်း၊
၎။ အိပ်မူ, စားမူ -
ဤလေးခုတို့၌ တွယ်တာသော တဏှာလေးပါးနှင့်
၅။ ရဟန်းသီလကို ဖြည့်ကျင့်မူသည် နောင်ဘ၀ လူကောင်း နတ်ကောင်းဖြစ်ရန် ရည်ရွယ်ချက်။)
ဆောင် - ၀တ္ထုကာမ၊ ပစ္စယနှင့်၊ ကာယခန္ဓာ၊ ရုပ်ဆင်းဝါ ဟူ၊ ဤသုံးဆူဝယ်၊ တွယ်တာနေငြား၊ အိပ်, စား ချိန်ကုန်၊ လူ့ဘုံနတ်ရပ်၊ မျှော်ကျင့်လတ်၊ ငါးရပ် ၀ိနိဗန္ဓများ။
ဆဋ္ဌသုတ် ပြီး၏။
ပဉ္စမသုတ် ပြီး၏။
No comments:
Post a Comment