Wednesday, 4 May 2011

၎။ ပဉ္စ မစ္ဆရိယသုတ်



ရဟန်းတို့ ! နှမြော တွန့်တိုခြင်း မစ္ဆရိယ ၅-မျိုးဟူသည်မှာ -

၁။ နရာထိုင်ခင်း၌ နှမြော တွန့်တိုခြင်း။

၂။ ဒါယကာ၌ နှမြော တွန့်တိုခြင်း။

၃။ လာဘ်၌ နှမြော တွန့်တိုခြင်း။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုခြင်း။

၅။ ပရိယတ်တရား၌ နှမြော တွန့်တိုခြင်း တို့တည်း။

ဤ၀န်တိုခြင်း ၅-မျိုးတွင် ပရိယတ်တရား၌ နှမြော တွန့်တိုခြင်းသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်သည် - ဟု မိန့်တော်မူသည်။

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment