Saturday, 7 May 2011

၂။ သိက္ခာပဒပေယျာလ


၁။ ဘိက္ခုသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲသို့ ရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်သတ်သည်။

၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူသည်။

၃။ မေထုန်မှီဝဲသည်။

၎။ မဟုတ်မမှန် ပြောသည်။

၅။ မူးယစ်သေစာ သုံးစွဲသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ဆောင်ယူ ချထားသည်နှင့်မခြား အလားတူစွာ နတ်ပြည်သို့ ရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။

၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သည်။

၃။ မေထုန်မှီဝဲ ခြင်းမှ ရှောင်ကြဉ်သည်။

၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်သည်။

၅။ မူးယစ်သေစာ သုံးစွဲခြင်းမှ ရှောင်ကြဉ်သည်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment