Wednesday, 4 May 2011

၂၆။ ဥပသမ္ပဒါဝဂ် (ရဟန်းခံပေးမူနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ ဥပသမ္ပာဒေတဗ္ဗသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ဥပဇ္ဈာယ်အဖြစ် ခံယူ၍ ပဉ္စင်းခံပေးနိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော -

၁။ သီလဂုဏ်နှင့် ပြည်စုံသည်။

၂။ သမာဓိဂုဏ်နှင့် ပြည့်စုံသည်။

၃။ ပညာဂုဏ်နှင့် ပြည့်စုံသည်။

၎။ ၀ိမုတ္တိဂုဏ်နှင့် ပြည့်စုံသည်။

၅။ ၀ိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံသည်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment