ရဟန်းတို့ !
ရာဂကို ထူးသောဉာဏ်ဖြင့် သိရန် ပွါးများအပ်သည့် တရား ၅-မျိုးမှာ -
၁။ အသုဘသညာ။ ၂။ မရဏသညာ။ ၃။ အာဒီန၀သညာ။ ၄။ အာဟာရေ ပဋိကူလသညာ။ ၅။ သဗ္ဗလောကေ အနဘိရတိသညာ တို့တည်း။ (၁)
ရာထူးကို ထူးသောဉာဏ်ဖြင့် သိရန် ပွါးများအပ်သည့် တရား ၅-မျိုးမှာ -
၁။ အနိစ္စသညာ။ ၂။ အနတ္တသညာ။ ၃။ မရဏသညာ။ ၄။ အာဟာရေ ပဋိကူလသညာ။ ၅။ သဗ္ဗလောကေ အနဘိရတိသညာ တို့တည်း။ (၂)
ရာထူးကို ထူးသောဉာဏ်ဖြင့် သိရန် ပွါးများအပ်သည့် တရား ၅-မျိုးမှာ -
၁။ အနိစ္စသညာ။ ၂။ အနိစ္စ၌ ဒုက္ခဟု မှတ်ထင်မူသညာ။ ၃။ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မူသညာ။ ၄။ ပဟာနသညာ။ ၅။ ၀ိရာဂသညာ တို့တည်း။ (၃)
ရာထူးကို ထူးသောဉာဏ်ဖြင့် သိရန် ပွါးများအပ်သည့် တရား ၅-မျိုးမှာ -
၁။ သဒ္ဓိနြေ္ဒ။ ၂။ ၀ီရိယိနြေ္ဒ။ ၃။ သတိနြေ္ဒ။ ၄။ သမာဓိနြေ္ဒ။ ၅။ ပညိနြေ္ဒတို့တည်း။ (၄)
ရာထူးကို ထူးသောဉာဏ်ဖြင့် သိရန် ပွါးများအပ်သည့် တရား ၅-မျိုးမှာ -
၁။ သဒ္ဓါဗိုလ်။ ၂။ ၀ီရိယဗိုလ်။ ၃။ သတိဗိုလ်။ ၄။ သမာဓိဗိုလ်။ ၅။ ပညာဗိုလ်တို့တည်း။ (၅)
ရဟန်းတို့ ! ရာဂကို ပိုင်းခြား၍ သိရန်, ကုန်စေရန်, ပယ်ရန်, ကုန်ခန်းစေရန်, ပျက်စီးရန်, တပ်ခြင်းကင်းရန်, ချုပ်ရန်, စွန့်ရန်, တစ်ဖန် စွန့်ရန် ပွါးများအပ်သည့် တရားများနှင့်
ဒေါသကို၊ မောဟကို၊ ကောဓ (စိတ်ဆိုးခြင်း)ကို၊ ဥပနာဟ (ရန်ငြိုးဖွဲ့ခြင်း)ကို၊ မက္ခ (သူ့ကျေးဇူးကို ချေဖျက်ခြင်း)ကို၊ ပဠာသ (ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း)ကို၊ ဣဿာ (မနာလို ၀န်တိုခြင်း)ကို၊ မစ္ဆရိယ (နှမြော တွန့်တိုခြင်း)ကို၊ မာယာ (မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ်ခြင်း)ကို၊ သာဌေယျ (မရှိဂုဏ်ကို အရှိလုပ်၍ စဉ်းလဲကောက်ကျစ်ခြင်း)ကို၊ ထမ္ဘ (ဒေါသကြီးခြင်း မာနကြီးခြင်းအားဖြင့် ခက်ထန်ကြမ်းတမ်းခြင်း)ကို၊ သာရမ္ဘ(ခြုတ်ခြယ်ခြင်း, သူ့ထက် ထူးချွန် သာလွန်အောင် ပြုခြင်း)ကို၊ မာန (ထောင်လွှားခြင်း)ကို၊ ပမာဒ (ကုသိုလ်ကောင်းမူ၌ မေ့လျော့ခြင်း)ကို -
ထုးသောဉာဏ်ဖြင့် သိရန်, ပိုင်းခြား၍ သိရန်, ကုန်စေရန်, ပယ်ရန်, ကုန်ခန်းစေရန်, ပျက်စီးရန်, တပ်ခြင်းကင်းရန်, ချုပ်ရန်, စွန့်ရန်, တစ်ဖန် စွန့်ရန် ပွါးများအပ်သည့် တရားတို့သည်လည်း -
ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန်-၌ ဆိုခဲ့သည့်အတိုင်း ၅-မျိုး ၅-စုံပင် ဖြစ်ကြသည်။
ရာဂယျောလ ပြီး၏။
ဆရာတော် အရှင်တိလောကာဘိဝံသ(အင်းစိန်) ၏ မြန်မာပြန်လက်ဆောင်( ပဉ္စနိပါတ်၊ အင်္ဂုတ္တိုရ်) စာအုပ်အား ဖတ်ရူခွင့် ပြန်လည်မျှဝေခွင့်ရအောင် တောသူမလေးအား လက်ဆောင်ပေးပို့ခဲ့သည့် ရန်ကုန်မြို့မှ မောင်လေးအောင်ပိုင် ကိုအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဘ၀ဆက်တိုင်း စာပေ ဗဟုသုတ ထူးချွန်ထက်မြက်သောသူ ဖြစ်ပါစေလို့ ဒီနေရာမှ ပြောကြားရင်း ဆုတောင်းမေတ္တာပို့သအပ် ပါသည်။
စာအုပ်လှူဒါန်းပေးပို့သူနှင့် လာရောက်လည်ပတ် စာဖတ်ရူအားပေးသူတို့အား သူငယ်ချင်းတို့အား တောသူမလေးမှ ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment