တက္ကသိုလ်ဆိုသည်မှာ ပညာစုံ သင်ယူတတ်မြောက်ရာနေရာ ဖြစ်သည်။ အလယ်ခေတ် အသိပညာသစ်များအရ ဥရောပတိုက် တစ်လွှားတွင် ပညာသင်ယူရန် ပင်မနေရာကြီးများ တည်ဆောက်လာကြသည်။ အဆိုပါ တက္ကသိုလ်ကြီးများ မျက်မှောက်ကာလ အထိ တည်ရှိနေသေးသည်။
၁၃၀၀ပြည့်နှစ်လွန်များတွင် အသိပညာ ပိုမိုလျင်မြန်စွာ ကြွယ်လာကြသည်။ ရာစုနှစ်ပေါင်းများစွာပင် ပညာရးသည် ဘုရားကျောင်းများနှင့်သာ သက်ဆိုင်ခဲ့သည်။ ယခုအခါ ဥရောပတစ်တိုက်လုံးတွင် တက္ကသိုလ်များစွာပေါ်လာခဲ့သည်။ ပါရီ၊ ဘိုလော့ဂနာ၊ အောက်စဖို့၊ ကင်းဘရစ်၊ ပရာဟာ စသည့်မြို့ကြီးများတွင် ဧရာမတက္ကသိုလ်ကြီးများ တည်ထောင်ကြသည်။ တက္ကသိုလ်များတွင် အစပိုင်း၌ ဥပဒေ၊ ကျမ်းစာနှင့် ဆေးပညာများသာ သင်ပေးခဲ့သည်။ ၉ရာစုနှစ် အီတလီနိုင်ငံတွင် ဆာလာနို ဆေးတက္ကသိုလ် စတင်တည်ထောင်သည်။
No comments:
Post a Comment