Friday, 24 June 2011

အိုလံပစ်ပွဲတော်များ ဘယ်အချိန်က စတင်ခဲ့သလဲ?

ခရစ်မပေါ်မီ (၇၇၆ -ခုနှစ်) မှစ၍ ဂရိလူမျိုးများသည် အိုလံပစ်ပွဲတော်များကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ထိုအချိန်တွင် Zeus နတ်ဘုရားကို ပူဇော်ရန် ပန်းချီပညာရှင်များ၊ စာရေးဆရာများ၊ အားကစားသမားများ စုဝေးရောက်ရှိတတ်သည်။ ပြိုင်ပွဲများကို အိုလံပီယာ တောင်တွင် ကျင်းပခဲ့သည်။ အိုလံပစ် အားကစားပွဲဟု ကျော်ကြားလာခဲ့သည်။

ပထမဦးဆုံး အိုလံပစ် ပြိုင်ပွဲများသည် အားကစားသက်သက် မဟုတ်ချေ။ ပြဇာတ်များ ကကြသည်။ ကဗျာများ ရွတ်ကြသည်။ ပြေးပွဲများ ကျင်ပကြသည်။ ဂရိလူမျိုးများအတွက် အိုလံပစ်ပြိုင်ပွဲများသည် စိတ်နှင့်ရုပ် ပေါင်းစပ်မူကို ဖော်ပြပြီး Zeus နတ်ဘုရားထံ အောင်ပွဲဆုတောင်းခံနိုင်သည်ဟု ယူဆကြသည်။

အိုလံပစ်ပွဲတော်များကို ၃ရက်ကြာမျှ ကျင်းပခဲ့သည်။ အားကစားသမားများသည် အပြေးပြိုင်ကြသည်။ နပမ်းသတ်ကြသည်။ မြင်းစီးပြိုင်ကြသည်။ မြင်းလှည်းမောင်းပြိုင်ကြသည်။ ပွဲတော်မစမီ ကျမ်းသစ္စာကျိန်ရသည်။ ပြိုင်ပွဲများ အပြီးတွင် ဆုပေးပွဲများ စားသောက်ပွဲများ ကျင်းပတတ်ကြသည်။

No comments:

Post a Comment