Sunday, 12 June 2011

ဆေးလောကမှ ဟာသများ (မှူးအိမ်ဇင်)

အရွယ်တင်တယ် ပြောချင်တာလား


အမျိုးသမီးသူငယ်ချင်းနှစ်ဦး ဆုံကြရာဝယ်...

“မကြီးမငယ်နဲ့ မျက်နှာမှာ ၀က်ခြံတွေ ထူလပျစ်နဲ့ပါလား၊ တော်ကြာ အလှပျက်နေမယ်၊ ဆရာဝန် မပြဘူးလား”

“ပြတာပေါ့၊ ချက်ချင်းတော့ ဘယ်ပျောက်မလဲ၊ အခုဆေးသောက်နေရတယ်။ ချက်ချင်းမပျောက်လည်း တစ်မျိုးကောင်းတာပဲ”

“ဘာဖြစ်လို့လဲ”

“ငါ့ကို အခုမှတွေ့ဖူးတဲ့ ကောင်လေးတွေက ဆယ်ကျောက်သက်လေးတဲ့”

“ဟိုက်”


ဒေါက်တာရမ်းကု သတိပြု


အလွန်ခေါင်သော ရွာလေးအရောက် ဗီဒီယိုရိုက်ကူးရေးအဖွဲ့မှ မင်းသမီးငယ်တစ်ဦး ဝေဒနာဖြစ်ပြီး ဒေါက်တာ ရမ်းကုဆီရောက်လာရာ ကုသအပြီး၌ အကြောင်းသိ သူငယ်ချင်းက....

“မင်းကုတဲ့ အမျိုးသမီးငယ်တွေဆို ရောဂါကို သေသေချာချာရှာဖွေစမ်းသပ်ပြီးမှ ကုတယ်၊ အခု မင်းသမီးကျတော့ အပြင်ပန်းပဲ ဘာလို့ စမ်းသပ်တာလဲ။ ဘာလဲ ကျနေတဲ့သိက္ခတွေ ပြန်ဆယ်တာလား”

“မဟုတ်ဘူး၊ ဒီမင်းသမီးလေးရဲ့ ပိုစတာ၊ ဓာတ်ပုံနဲ့ ပြက္ခဒိန်တွေ ငါ့ခဏခဏကြည့်ဖူးနေကျကွ”

“ဟေ”

ချမ်းတုန်ချမ်းတုန် တုန်ချမ်းချမ်း

အထူးကုဆေးခန်းကြီး၌ တက်ရောက်ကုသသော ဇနီးသည်၏ ခင်ပွန်းသူဌေးကြီးအား ဆရာဝန်က ...

“အန်ကယ်ကြီး လက်တွေ တုန်နေပါလား။ ခါတိုင်းရက်တွေက ခုလိုတုန်တာ မတွေ့မိပါဘူး။ အမှတ်တမဲ့ မနေနဲ့။ ဆရာဝန်လေး ဘာလေးပြဦးနော်”

ထိုအခါ ခင်ပွန်းသည်အကြောင်းသိသော ဇနီးသည်က ၀င်ပြောလိုက်သည်မှာ ...

“ဒီနေ့ ကျွန်မ ဆေးရုံကဆင်းရမယ့်နေ့လေ ဆရာ။ ဆေးဖိုးဝါးခတွေ ရှင်းပေးပြီး သွားရင်တော့ သူ့လက်တွေ အလိုလို ပြန်ကောင်းသွားမှာပါ”

“ဟိုက်”

ဒါဆို ဘက်ဆဲလားစာရေးဆရာမ ဖြစ်အောင်ကြိုးစား

ဆရာဝန်မလေးနဲ့ သူငယ်ချင်းတို့ အပျင်းပြေစကားစမြည်းပြောကြရာဝယ် ...

“ကုသိုလ်ကံက မတူဘူး။ ဆရာဝန်ဖြစ်တာချင်း အတူတူ သူက ကားထည်လဲစီးပြီး နိုင်ငံခြားကို တဒီးဒီးသွားနိုင်တယ်”

“နင်လည်း အားကျမခံ သူ့လိုဖြစ်အောင်ကြိုးစားပေါ့”

“သူ့လို ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ပါဘူးဟာ”

“နင်ကလည်း စစ်မရောက်ခင် မြားကုန်နေပြီ”

“သူက နာမည်ကြီး၊ အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်ဟဲ့”

“အယ်”


No comments:

Post a Comment