Sunday, 19 June 2011

ယောဂကျင့်သူတွေ လိုက်နာနိုင်စေဖို့ (သဲသဲ)

နည်းစနစ်မှန်ကန်စွာနဲ့ ယောဂလေ့ကျင့်ခန်းတွေကို ပုံမှန်လေ့ကျင့်သူတွော တခြားလေ့ကျင့်ခန်း ပြုလုပ်သူတွေထက် ခန္ဓာကိုယ်တည်ဆောက်မူပုံစံ၊ အဆီလောင်ကျွမ်းမူပုံစံ မတူညီကြပါဘူး။ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သူတွော ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ထိန်းပေးနိုင်ခြင်း၊ အဆီနဲ့ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ခြင်းလိုမျိုး အကျိုးကျေးဇူးတွေရှိနိုင်ပြီး၊ ယောဂကျင့်သူတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ ခံစားမူပိုမိုကောင်းမွန်စေပါတယ်။ သင်ဟာ ယောဂလေ့ကျင့်မူကို စတင်မယ်ဆိုရင်တော့ အောက်ပါအချက် ငါးချက်ကို အရင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားကြည့်ပါ။

၁။ ပေါ့ပါးတဲ့ အ၀တ်အစားကို ရွေးချယ် ၀တ်ဆင်ပါ။ အသက်ရှူချောင်စေပြီး၊ ချွေးစုပ်တဲ့စွပ်ကျယ်သားအင်္ကျီတွေနဲ့ လူပ်ရှားရတာ သက်သောင့်သက်သာရှိစေမယ့် အ၀တ်မျိုးကို ၀တ်ဆင်ပြီး လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာလဲဖို့ အ၀တ်ကို အသင့်ထားထားပါ။

၂။ ယောဂလေ့ကျင့်မူ မစတင်မီ နှစ်နာရီလောက်ခွာပြီး အစာကိုစားထားသင့်ပါတယ်။ ဗိုက်ထဲမှာ အစောတွေပြည့်နေရင် လေ့ကျင့်မူမစတင်သင့်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ရေတောင်မှ ပမာဏ အနည်းငယ်သာ သောက်သင့်ပါတယ်။

၃။ ယောဂလေ့ကျင့်ခန်း မစတင်မီ ၁၅မိနစ်အလိုမှာ သွေးပူလေ့ကျင့်ခန်း (အေရိုးဗစ်)လိုမျိုးတွေ စတင်ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သင့်ခန္ဓာကိုယ်က ယောဂလေ့ကျင့်ချိန်မှာ အလွယ်တကူလူပ်ရှားနိုင်ဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။

၎။ ယောဂလေ့ကျင့်ရေး သင်တန်းကျောင်းကို သွားမယ်ဆိုရင်လည်း လေ့ကျင့်မူနည်းပြ ဆရာကို သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အရင်ဆုံး ပြောပြတိုင်ပင်ပါ။

၅။ အရေးကြီးဆုံးအချက်ကတော့ သင့်ခန္ဓာကိုယ်ရဲ့ လူပ်ရှားမူပုံစံနဲ့ ခံနိုင်ရည်ကို သင့်ကိုယ်တိုင် နားလည်မှာပါ။ တချို့ယောဂလေ့ကျင့်ခန်းတွေဟာ အနေအထား တစ်မျိုးတည်းကို အချိန်ကြာကြာလေး လေ့ကျင့်ရတာကြောင့် လေ့ကျင့်နေချိန်မှာ သင်အသက်ရှူမူပုံစံအနေအထား မှန်ကန်မူမရှိဘူးဆိုရင် ဆက်မလေ့ကျင့်ဘဲ ခဏနားဖို့ ပြောပါ။

No comments:

Post a Comment