အဘိုရီဂျင် aborigines ဆိုသည် နိုင်ငံတစ်နိုင်ငံသို့ အစောဆုံး ရောက်ရှိနေထိုင်သူများ ဖြစ်ကြသည်။ အဘိုရီဂျင်များစွာရှိသည့်အနက် သြစတြေလျ အဘိုရီဂျင်တို့ လူသိများသည်။
ဥရောပတိုက်သားများ သြစတြေလျတိုက်သို့ ပထမဆုံး ရောက်ရှိသွားချိန်တွင် အဘိုရီဂျင် ၃၀၀,၀၀၀ခန့် ရှိနေကြသည်။ ယခုအခါ ၁၁၀,၀၀၀ခန့်သာ ကျန်ရှိတော့သည်။ သြစတြေလျ အဘိုရီဂျင်များတွင် ကိုယ်ပိုင်ဂီတ၊ အနုပညာနှင့် ဘာသာရေးရှိသည်။ အဘိုရီဂျင်တို့သည် ကိုရိုဘိုရီ corroboree ခေါ် ဂီတ အကပွဲတော်များ မကြာမကြာ ကျင်းပတတ်သည်။ သူတို့လက်နက်မှာ ဘွန်းမီရန်း boomerang ခေါ် ပစ်ပေါက်ရသည့် သစ်သားလက်နက် ဖြစ်သည်။ ပစ်လိုက်လျှင် ပစ်လွှတ်သူလက်ထဲ ပြန်လည် ရောက်ရှိလာနိုင်အောင် ဘွန်းမီရန်း အပေါ့စားများလည်း တီထွင်သုံးစွဲသည်။
No comments:
Post a Comment