Monday, 20 June 2011

သီချင်းနှင့် လူ (သက်နိုင်ဦး - မြ၀တီ)

http://www.legaljuice.com/drunk%20intoxicated%20drinking%20inebriated%20wasted%20lit%20hammered%20beer%20alcohol%20man.gif


“ကျုပ်အရက်သောက်ချင်တယ်ဗျာ၊ အရက်ဖိုးပေးဗျာ”


“အမေဈေးရောင်းမကောင်းလို့ ဒီနေ့တော့ မပေးနိုင်သေးဘူးကွယ်”


“မသိဘူးဗျာ ကျူပ်အရက်သောက်ချင်တာပဲ သိတယ်”


“အမေ့မှာ မရှိလို့ပါကွယ်”


“ကြာလိုက်တာဗျာ ပေးမလား မပေးဘူးလား ဒါပဲပြော”


“မပေးဘူး”


“ခင်ဗျားကြီး ကျူပ်အကြောင်းသိရမှာပေါ့”

လူဇော်သည် အိမ်နံဘေးရှိ ထင်းပုံထဲမှာ ထင်းချောင်းတစ်ချောင်းကိုသွား၍ ဆွဲထုတ်နေ၏။ ဤတွင် မိခင်ဖြစ်သူမှာတော့ “ငါ့သားငါ့ကိုရိုက်ရင် အသားနာရုံပဲရှိမယ်။ သားလေးမှာတော့ အမေကိုစော်ကားတဲ့ အကုသိုလ်ကံကြောင့် ငရဲမှာ မကျွတ်တမ်းခံရတော့မှာ ပါလားဟူသော မိခင်တို့၏ မေတ္တာဖြင့် တွေးလိုက်ကာ...


“ကဲကဲ ရော့ရော့ မင်းလိုချင်တဲ့ အရက်ဖိုး” ဟုဆိုပြီး ခါးကြားမှလိပ်ထားသော ပိုက်ဆံကို ထုတ်ပေးလိုက်၏”


ဤတွင်လူဇော်မှာ....


“အဲဒီလိုလုပ်စမ်းပါဗျာ၊ ခင်ဗျားကြီးက လိမ်မာသားနဲ့” ဟုဆိုကာ မိခင်ဖြစ်သူလက်ထဲမှ ပိုက်ဆံကို ဆတ်ခနဲဆွဲယူ၍ အရက်ဆိုင်သို့ ထွက်သွားပါတော့သည်။

လူဇော်တစ်ယောက် အရက်မူးပြီး ဒယိုင်းဒယိုင်ဖြင့်ပြန်လာကာ မိခင်မုဆိုးမကြီးအား နှိပ်စက်နေသော သားအဖြစ် တစ်ရပ်ကွက်လုံးက နှာခေါင်းရူံ့ကြ၏။ ဤကြားထဲ မူးမူးနှင့် ဟစ်အော်သီဆိုလိုက်သော လူဇော်၏ သီချင်းသံကြောင့် တစ်ရက်ကွက်လုံးရှိ လူများ ပိုပြီးအော့နှလုံးနာသွားကြပါတော့သည်။


လူဇော်သီဆိုလိုက်သည့် သီချင်းက ဘာတဲ့ “မွေးမေကျေးဇူးဆပ်ဖူးချင်တယ်လေ...” တဲ့။

No comments:

Post a Comment