ပါရာစိတမော၊ အိုင်ဗျူပရိုဖန်စတဲ့ မိမိဘာသာ ၀ယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက် ဆေးတွေဟာ ဒူးနာသက်သာစေပါတယ်။
အနားယူပါ
ပုံမှန်လုပ်ဆောင်မူတွေမှ အနားယူတာဟာ ဒူးအပေါ်အဆက်မပြတ် ဒဏ်သက်ရောက်မူ လျော့ကျစေပြီး အနာကျက်အောင်နဲ့ နောက်ထပ်ထိခိုက်မူ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ တစ်ရက်၊ နှစ်ရက်လောက် အနားယူပေးတာဟာ ဒူးနာခြင်းအသေးအမွှားကို သက်သာစေပါတယ်။ ပြင်းထန်တဲ့ ဒူးနာခြင်းဆိုရင်တော့ သက်သာအောင် အချိန်ကြာကြာ အနားယူရပါမယ်။
ရေခဲကပ်ပါ
ဒူးနာကျင်မူ အများစုအတွက် ရေခဲကပ်ပေးရင် နာကျင်မူနဲ့ ရောင်ရမ်းမူကို လျော့ကျစေပါတယ်။ ဒူးတစ်ခုလုံးကို အုပ်နိုင်မယ့် ရေခဲအိတ်ကိုသုံးနိုင်သလို တဘက်ပါးတစ်ထည်ထဲမှာ ရေခဲထည့်ပြီး အုပ်ကာပေးနိုင်ပါတယ်။ ဒူးအေပါ် ရေခဲကပ်တဲ့နည်းဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းပြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ရေခဲတစ်ခါကပ်ရင် မိနစ် ၂၀ ထက်မကြာပါစေနဲ့။ ကြာရင် ဒူးအရေပြားနဲ့ နာ့ဗ်ကြောတွေကို ထိခိုက်စေနိုင်လို့ပါ။
ဖိထားပါ
ဖိထားပေးရင် ထိခိုက်ထားတဲ့ တစ်သျှူးတွေထဲ အရည်စုပုံမူမဖြစ်အောင် ကာကွယ်နိုင်ပြီး ဒူးရဲ့စွမ်းဆောင်မူကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ပေါ့ပါးပြီး လေ၀င်လေထွက်ကောင်းတဲ့ ပတ်တီးစနဲ့ ဒူးကို စည်းထားပေးပါ။
မြှင့်ထားပါ
ထိခိုက်ဒဏ်ရာရပြီး ဒူးထဲမှာ စုပြုံနေတဲ့အရည်တွေကို မြေဆွဲအားက ဆွဲချနိုင်တာကြောင့် ဒူးကိုမြှင့်ထားတာဟာ ရောင်ရမ်းမူကို လျော့ကျစေပါတယ်။ နာကျင်နေတဲ့ ဒူးဘက်အခြမ်းရှိ ခြေထောက်ကို ခွေးခြေပုပေါ် ဒါမှမဟုတ် ခေါင်းအုံးပေါ်မှာ တင်ထားပေးပါ။
တခြားဆေးကုသမူများ
Glucosamine နှင့် Chondroitin လေ့လာမူတွေအရ ဒီဖြည့်စွက် ဆေးနှစ်မျိုးကို ပူးတွဲသုံးစွဲတာဟာ အရိုးအဆစ်ရောင်ရမ်းနာကျင်မူကို သက်သာစေကြောင်း ဆိုပါတယ်။ အသင့်အတင့်မှ ပြင်းထန်တဲ့ ဒူးနာကျင်နေသူတွေမှာ ဒီဖြည့်စွက်ဆေးတွေကို မှီဝဲရင် ပိုမိုအာနိသင်ရရှိစေပါတယ်။
အပ်စိုက်ကုထုံး
လေ့လာမူတွေအရ အပ်စိုက်ကုထံးဟာ အရိုးအဆစ်ရောင်ရမ်းမူကြောင့် ဒူးနာတာကို သက်သာစေတယ်လို့ သိရပါတယ်။
No comments:
Post a Comment