Thursday, 23 June 2011

ဂမ္ဘီရပြဇာတ်ဆိုတာ ဘာလဲ?

ဂမ္ဘီရပြဇာတ် Mystery Plays များသည် သမ္မာကျမ်းစာ ဇာတ်လမ်းများနှင့် စိန့် ခေါ် သူတော်စင်များ အကြောင်းပြဇာတ်များဖြစ်သည် ။ အလယ်ခတ်တစ်လျှောက် လဟာပြင်များတွင် စင်တင် ပြသခဲ့ကြသည်။

Mystery ဟူသော ဝေါဟာရသည် လက်တင် Ministerium မှ ဆင်းသက်လာသည်။ ဘာသာရေးလုပ်ငန်းဟု အဓိပ္ပာယ်ရသည်။ ပထမဦးဆုံး ဂမ္ဘီရပြဇာတ်များကို ဘုရားကျောင်း ၀တ်ပြုပွဲများတွင် ခရစ်ယာန်ဘုန်းကြီးများ ပါဝင် သရုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ကုန်သည်များ၊ လက်မူပညာသည်များ၊ အခြား အုပ်စုများက ဘုရားကျောင်းအပြင်ဘက်တွင် ပါဝင်ကပြခဲ့ကြသည်။ အီစတာနှင့် ခရစ္စမတ်ကဲ့သို့သော ပွဲတော်ချိန်များတွင် ပြဇာတ်များ ကခဲ့ကြသည်။ ပြဇာတ်များသည် ကျမ်းစာပါ အကြောင်းအရာများကို သွက်လက်မြူးရွှင်စွာ သရုပ်ဖော်နိုင်ခဲ့သည်။

No comments:

Post a Comment