Sunday, 26 June 2011

ပစ်ဂမီ လူပုမျိုးတွေ ဘယ်မှာနေကြသလဲ?

ပစ်ဂမီတို့သည် လူကောင်သေးသေးကလေးများဖြစ်သည်။ ရှေးရိုး ထုံးစံဓလေ့အတိုင်း နေထိုင်လျက်ရှိသည်။ ပစ်ဂမီအုပ်စုများသည် ဝေးလ့ခေါင်းပါးသော အာဖရိကတိုက် ဒေသများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း အန်ဒမန်ကျွန်းစုများ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် နေထိုင်သည်။ လူဦးရေနည်းပါးလှသည်။ ဆက်လက်၍ လူဦးရေကျဆင်းလာခဲ့သည်။

လူသိအများဆုံး ပစ်ဂမီလူမျိုးစုမှာ နီဂရိလီုလို Negrillos များဖြစ်သည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် နေထိုင်သည်။ အရွယ်ရောက်ပြီး နီဂရီလို လူကြီးတစ်ယောက်၏ အရပ်အမြင့်သည် သာမန်အရွယ် ၁၀နှစ်သား ကလေးငယ် တစ်ယောက်၏ အမြင့်နှင့် တူညီမူ ရှိသည်။

No comments:

Post a Comment