Sunday, 19 June 2011

သင့်အိမ်နှင့် သင့်ခန္ဓာကိုယ်တွင် အဆိပ်အတောက်များ ကင်းဝေးစေမည့် နည်းလမ်း ၂၀ (ဇွန်)

ကိုယ်ခဲနာကျင်မူကင်းကင်းနဲ့ အိပ်ရာမှ နိုးထနိုင်ဖို့၊ နေ့သစ်တစ်ရက်ကို စွမ်းအင်အပြည့်နဲ့ စတင်နိုင်ဖို့၊ တစ်ညတာကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်ဖို့ မဖြစ်နိုင်ပါဘူးလို့များ တွေးနေမိပါသလား။ တကယ်တမ်း စဉ်းစားကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်။ အဓိကသော့ချက်ကတော့ သင်နေထိုင်ရာအိမ်နဲ့ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဟာ နွမ်းနယ်ခြင်း၊ ကိုက်ခဲခြင်း၊ လေးလံခြင်းနဲ့ မားမားမတ်မတ် မရပ်တည်နိုင်ခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကင်ဆာရောဂါ၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကင်းဝေးအောင် နေထိုင်နိုင်မှသာ ကျန်းမာလန်းဆန်းနေမှာ ဖြစ်ပါတယ်။

၁) ဖြစ်နိုင်ရင် သြဂဲနစ်နည်းနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအသောက်ကိုသာ စားပါ။ ဟင်းသီးဟင်းရွက်အများစုကို စိုက်ပျိုးရာမှာ အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေ ပါဝင်တတ်ပြီး မျိုးရိုးဗီဇအရလည်း ပြုပြင်ထားတတ်ပါတယ်။

၂) သင်စားတဲ့ အစားအသောက်တိုင်းမှာ ဟင်းသီးဟင်းရွက်အစိမ်းတွေနဲ့ သစ်သီးဖျော်ရည်တွေ များများပါဝင်အောင် ဂရုစိုက်ပါ။ လတ်ဆတ်တဲ့ ဟင်းရွက်တွေကို သုပ်စားတာနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကို ဖျော်ရည်ဖျော်သောက်တာက လွယ်ကူပြီး အကျိုးကျေးဇူးလည်း အများကြီး ရရှိစေပါတယ်။

၃) ချွေးထွက်အောင် လူပ်ရှားမူလုပ်တာ ဒါမှမဟုတ် ပေါင်းခံချွေးထုတ်တာတွေကို တစ်ပတ်တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ ဒီနည်းဟာ ချွေးကနေတစ်ဆင့် အဆိပ်အတောက်တွေ ထွက်သွားစေပါတယ်။

၎) နေ့စဉ်အကြောလျှော့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ ယောဂကျင့်ခြင်း၊ ထိုက်ချိကစားခြင်း စတဲ့ လေ့ကျင့်ခန်းတွေဟာ အကောင်းဆုံးအကြောလျှော့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

၅) ဓာတုဗေဒပစ္စည်းတွေသုံးပြီး သန့်ရှင်းရေးလုပ်မယ့်အစား သဘာဝနည်းနဲ့ပဲ အိမ်တွင်း သန့်ရှင်းရေး ပြုလုပ်ပါ။ ဆော်ဒါမူန့်၊ ရှာလကာရည်နဲ့ လိမ္မော်ဆီတွေဟာလည်း သဘာဝသန့်ရှင်းရေး ပစ္စည်းတွေ ဖြစ်တာကြောင့် သင်နဲ့ သင့်အိမ်အတွက် အဆိပ်အတောက် မဖြစ်စေပါဘူး။

၆) အလှပြင်ပစ္စည်းတွေ ရွေးချယ်ရာမှာ လူလုပ်ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားကို မ၀ယ်ပါနဲ့။ အညွှန်းကို သေချာဖတ်ကြည့်ပြီး သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အမျိုးအစားကို ရွေးဝယ်ပါ။ အညွှန်းမပါဘူးဆိုရင် အဲဒီအလှကုန်ကို မ၀ယ်ပါနဲ့။ Parabens, diethanolamine(DEA) နဲ့ phthalates တို့ ပါဝင်တဲ့ အလှကုန်တွေကို မ၀ယ်ပါနဲ့။

၇) နေ့စဉ် ၄၅မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးခုန်ခြင်းစတဲ့ လေ့ကျင့်နည်းတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။

၈) နေ့တိုင်း ခန္ဓာကိုယ်မှ အဆိပ်အတောက်ကင်းဝေးစေမယ့် အစားအစာတွေကို အနည်းဆုံး သုံးကြိမ်စားပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ရေကညွတ်၊ ကန်စွန်းရွက်၊ ဘလူးဘယ်ရီသီး၊ ချင်း(ဂျင်း)နဲ့ နနွင်းတို့ဟာ အဆိပ်အတောက်ပြေစေတဲ့ အကောင်းဆုံး အစားအစာတွေပဲ ဖြစ်ပါတယ်။

၉) နေ့စဉ် သင့်အိမ်ထောင်ဖက်နဲ့ တစ်လှည့်စီ နှိပ်နယ်ပေးပါ။ နှိပ်နယ်ခြင်းဟာ သွေးလှည့်ပတ်မူ အားကောင်းစေပြီး သားနံရည်ကျိတ်တွေကို လူံ့ဆော်ပေးနိုင်ပါတယ်။ သားနံရည်ကျိတ်တွေဟာ ခန္ဓာကိုယ် အနှံ့မှ အဆိပ်တွေကို စုပ်ယူထားတတ်ပါတယ်။

၁၀) ဆေးလိပ်ရှောင်ပါ။ ဆေးလိပ်သောက်တာနဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရိုက်တာတွေဟာ ခန္ဓာကိုယ်ထဲကို အဆိပ်တွေ သွင်းယူနေရာရောက်ပါတယ်။

၁၁) အရက်ကိုလည်း မသောက်သင့်ပါ။ အကြောင်းကတော့ အယ်လ်ကို ဟောဓာတ်ကို အသည်းကနေစစ်ထုတ်နေရတာကြောင့် အသည်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင် လို့ပါ။

၁၂) အစားအသောက်တွေကို မိုက်ခရိုဝေဖ့်မီးဖိုနဲ့ မချက်ပါနဲ့။ မိုက်ခရိုဝေဖ့်နဲ့ ချက်ပြုတ်တာက အစားအသောက်တွေရဲ့ ပရိုတင်းတည်ဆောက်ပုံကို ပြောင်းလဲသွားစေနိုင်တာကြောင့် ခန္ဓာကိုယ်အပေါ် မလိုလားအပ်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ မိုက်ခရိုဝေဖ့်လိုင်းတွေဟာ အနားမှာ ရပ်နေတဲ့လူကို ထိုခိက်စေတဲ့ ဓာတ်ရောင်ခြည်အနည်းငယ်ကို ထုတ်လွှတ်ပေးနိုင်တာကြောင့်ပါ။

၁၃) မကပ်နိုင်တဲ့ အိုးတွေကို မသုံးသင့်ပါ။ မကပ်နိုင်တဲ့ အိုးတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေမှာ ကင်ဆာဖြစ်စေတဲ့အရာတွေ ပါဝင်နေလို့ပါ။

၁၄) အိမ်ကို ဆေးသုတ်တဲ့အခါ အငွေ့မပြန်နိုင်တဲ့ (Non – volatile organic compound) သုတ်ဆေးကို အသုံးပြုပါ။ အငွေ့ပြန်နိုင်တဲ့ သုတ်ဆေးအများစုဟာ ကင်ဆာအန္တရာယ်နဲ့ ဆက်စပ်မူ ရှိပါတယ်။

၁၅) အိမ်မှာ ကာဗွန်မိုနော့ဆိုက်ကို စစ်ချတဲ့ကိရိယာကို တပ်ဆင်ထားပေးပါ။ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ဟာ အနံ့မရှိဘဲ ခေါင်းကိုက်ခြင်း၊ ညောင်းညာခြင်းနဲ့ သေဆုံးခြင်းတွေအထိ ဖြစ်စေနိုင်တာကြောင့် ကျန်းမာရေးအန္တရာယ်ရှိပါတယ်။

၁၆) အိမ်တွင်းက မိုတွေကို ဖယ်ထုတ်ပေးနိုင်ဖို့ လက်ဖက်စိမ်းဆီ အစက်အနည်းငယ်ကို အ၀တ်စတစ်စမှာ သုတ်လိမ်းပြီး နံရံ၊ ကြမ်းပြင်နဲ့ မိုကပ်ငြိနိုင်တဲ့ မျက်နှာပြင်တွေမှာ သုတ်လိမ်းကာ ဖယ်ရှားပေးပါ။

၁၇) ပန်ကန်ဆေးရာမှာ သုံးတဲ့ ရေမြှုပ်အစား သဘာဝအ၀တ်ဟောင်းကိုသာ သုံးပေးပါ။ ရေမြှုပ်အများစုက Triclosan ဆိုတဲ့ ဓာတုပစ္စည်းနဲ့ ပြုလုပ်ထားတာကြောင့် အရေပြားအပေါ် ထိခိုက်စေနိုင်ပါတယ်။

၁၈) အစားအစာတွေကို မုန့်ဖုတ်ရာမှာ အရောင်အတုကို မသုံးပါနဲ့။ အရောင်ထည့်တာက လှပေမယ့် ဆိုးဆေးအတုတွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်အပေါ် ထိခိုက်မူ အနည်းငယ်ဖြစ်စေနိုင်ပါတယ်။

၁၉) မွှေကြိုင်တဲ့ ရနံ့တွေကို အလွန်အမင်းမသုံးပါနဲ့။ ရေမွှေး၊ ပေါင်ဒါ၊ အနံ့မွှေးတဲ့ ဖယောင်းတိုင်၊ အ၀တ်လျှော်ဆပ်ပြာမူန့်၊ လေထုသန့်စင်စေတဲ့ဖျန်းဆေး စတာတွေမှာ အဆိပ်ရှိတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်လေ့ရှိတာကြောင့် အလွန်အကျွံ အသုံးပြုရင် ညောင်းကိုက်တာ၊ ဟော်မုန်းဟန်ချက်မညီတာ၊ စိတ်အနှောက်အယှက်ဖြစ်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

၂၀) ပူနေတဲ့ အစားအသောက်တွေကို ပလတ်စတစ်အိတ်ထဲမှာ မသိုလှောင်ထားပါနဲ့။ ပလတ်စတစ်အများစုထဲမှာ ပါဝင်တဲ့ BPA ဟာသိုလှောင်ထားတဲ့ အစားအသောက်တွေထဲ ပျံ့နှံ့ရောက်ရှိ သွားတတ်ပါတယ်။ BPA ဟာ သိုင်းရွိုက်နဲ့ တခြားဟော်မုန်း ပြဿနာတွေနဲ့ပါ ဆက်စပ်မူ ရှိနေပါတယ်။

No comments:

Post a Comment