ဗစ်တာဟူးဂိုး (၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် နော်ဗယ် ၀တ္ထုရေးဆရာ တစ်ဦးဖြစ်သည်။ မျက်မှောက်ကာလအထိပင် ဗစ်တာဟူးဂိုး၏ နော်ထရာဒမ်းက ခါးကုန်းကြီး The Hunchback of Notre Dame နှင့် ဒုက္ခဘုံ Les Miserables နော်ဗယ် ၀တ္ထုကြီးနှစ်ပုဒ်ကြောင့် အမှတ်ရနေဆဲဖြစ်သည်။ ဗစ်တာဟူးဂိုးသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့၍ ပြင်သစ်နိုင်ငံမှ နှစ်ပေါင်း ၂၀နီးပါး ထွက်ခွာ နေထိုင်ခဲ့ရသည်။
ယင်းသို့ ရပ်ဝေးရောက်နေရစဉ်အတွင် ဟူးဂိုးသည် ကဗျာစာအုပ်နှစ်အုပ်နှင့် ဒုက္ခဘုံ နော်ဗယ်ကြီးကို ရေးသားထုတ်ဝေခဲ့သည်။ ဒုက္ခဘုံဝတ္ထုတွင် ယွန်း ဗာလယွန်း Jean Valiean ဆိုသူ လောကကြီးတွင် ရိုးသား အသုံးဝင်စွာ နေထိုင် အသက်မွေးရန် ကြိုးပမ်းခဲ့သည့် ၀ရမ်းပြေးကြီး တစ်ယောက်အကြောင်း ဖော်ပြပါရှိသည်။ ဘ၀ဆုံးခါနီးတွင် ဟူးဂိုးသည် နိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၈၈၅-ခုနှစ်တွင် ပြင်သစ်၌ ကွယ်လွန်သည်။
No comments:
Post a Comment