ရုရှား တေးပြုစာဆို ပီတာ အီလစ်ခ်ျ ချိုင်ကော့ဗ် စကီး (၁၈၄၀-၁၈၉၃)သည် တေးဂီတများစွာ စီကုံးခဲ့သူ ဖြစ်သည်။ သို့ရာတွင် ဘဲလေး တေးဂီတ စီကုံးသူအဖြစ်သာ လူသိများသည်ဟု ဆိုနိုင်သည်။
၁၈၇၇ ခုနှစ်တွင် ချိုင်ကော့ဗ် စကီးအား ငွေကြေးချမ်းသာသူ မုဆိုးမကြီးတစ်ဦးက ငွေကြေားထောက်ပံ့ခဲ့သည်။ မည်သည့်အခါမျှ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခြင်းမပြုရဟူသော စည်းကမ်းချက်ဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ချိုင်ကော့ဗ်စကီသည် သူ့အကောင်းဆုံး တေးလက်ရာများ စီကုံးခဲ့သည်။ ချိုင်ကော့ဗ် စကီး၏ ဘဲလေးတေးဂီတ အကျော်အမော်များတွင် Sleeping Beauty, Swan Lake, Romeo နှင့် Juliet ပြဇာတ် အဖွင့်ဂီတနှင့် Eugene Onegin အော်ပရာတို့ ပါဝင်သည်။
No comments:
Post a Comment