အီတလီနိုင်ငံတွင် ၁၆၀၀-ပြည့်နှစ်တစ်ဝိုက် အော်ပရာစပေါ်လာသည်ဟု သတ်မှတ် ထားသည်။ တေးဂီတပြဇာတ်များ ပထမဆုံး စင်တင်ခဲ့ချိန် ဖြစ်သည်။
ဂီတသံအလိုက် ကခုန်မူများသည် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် ပေါ်ထွန်းနေခဲ့သည်။ ဥရောပ အလယ်ခေတ်တွင် ခေတ်စားခဲ့သည့် ဂမ္ဘီရပြဇာတ်များ (Mystery, Miracle, Morality) မျိုးများဖြစ်သည်။
ပထမဆုံး ၁၅၉၇ ခုနှစ် ပြဇာတ်တွင် ဂီတအစအဆုံး ထည့်ထားသည်။ သရုပ်ဆောင်များက သီချင်းများဆိုကြသည်။ သို့ရာတွင် အဆိုပါ တေးဂီတများ မကျန်ရစ်တော့ပေ။ ကျန်ရှိနေဆဲ အော်ပရာ နှစ်မျိုးကို ၁၆၀၀ ပြည့်နှစ်တွင် အီတလီ၌ ကပြနိုင်ခဲ့သည်။ အ၀တ်အစားများ၊ ရူခင်းများ၊ မီးပေးပုံနှင့် စင်မြင့်သုံးကိရိယာများ အထူးစီမံ ပြုလုပ်ခဲ့ကြသည်။
No comments:
Post a Comment