Tuesday, 14 June 2011

ဆပ်ပြာကဲ့သို့သော ဆေးကြောသန့်စင်ရာတွင် အသုံးပြုသည့်အရာများတွင် ပါဝင်သော ဓာတုပစ္စည်းများက ကလေးများကို ဘေးဥပဒ်ဖြစ်စေ (DM, 29.11.10) NYM

ဆပ်ပြာနှင့် အခြားသန့်စင်ဆေးကြောရာတွင် အသုံးပြုသော အရာများ၌ ပါဝင်သည့် ဓာတုပစ္စည်းများသည် ကလေးများတွင်သာမက လူကြီးများ၌ပါ ဘေးဥပါဒ်ဖြစ်စေကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။ အသန့်ကြိုက်သော လူငယ်များအနေဖြင့် ဆပ်ပြာကို အလွန်အကျွံတိုက်ရာမှ ယင်း၌ ပါဝင်သော Triclosan ကဲ့သို့သော အရာက ဓာတ်မတည့်ခြင်းကို ပို၍ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

Triclosan သည် ပလတ်စတစ်များ၌ ပါဝင်သော BPA ကဲ့သို့ပင် ဓာတ်မတည့်ခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ထဲတွင် ဆိုင်တိုမီဂါလိုဗိုင်းရပ်စ် ပဋိပစ္စည်းများ ပိုမို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့သူ မီချီဂန်တက္ကသိုလ်မှ ဒေါက်တာအီရင်ရီးစ်ကလေတန်က ဆပ်ပြာအလွန်အကျွံ တိုက်ခြင်းကြောင့် Triclosan မြင့်တက်ကာ Allergy နှင့် Hay Fever တို့ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

No comments:

Post a Comment