အသက်အရွယ်အလိုက် အဖြစ်များတဲ့ အသည်းထိခိုက်မူ အန္တရာယ်တွေ နည်းပါးအောင် လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြုလိုက်ပါတယ်။
အသက် ၂၀ အရွယ်မှာ -
အသည်းရောဂါအများစုဟာ ပထမဆုံး အရက်သောက်ချိန်မှစပြီး စဉ်ဆက်မပြတ်သောက်ခဲ့ရင် ၁၀နှစ် အတွင်းမှာ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်လို့ ဆောက်သမ်တန်ဆေးရုံမှ အသည်းအထူးကု ဒေါက်တာနစ်ခ်ရှရွန်က ဆိုပါတယ်။
Tips!
ရေကညွတ်စားပြီးအသည်းရောဂါ ဖြစ်နူန်းလျော့ကျအောင်ကာကွယ်ပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ လေ့လာမူအရ ရေကညွတ်စားတာဟာ အသည်းမှာ အရက်ရဲ့ ထိခိုက်နိုင်စွမ်းအားကို လျော့ကျစေကြောင်း သိရတာကြောင့်ပါ။
အသက် ၃၀ အရွယ်မှာ -
အသက်ငယ်စဉ်မှာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်သုံးတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေကြောင့် အသည်းရောင် အသားဝါရောဂါပိုးတွေကို ကူးစက်ရရှိကာ အသည်းပျက်စီးစေနိုင်ပါတယ်။
Tips!
အမေရိကန် အမျိုးသားကင်ဆာ တက္ကသိုလ်ရဲ့ လေ့လာမူအရ ပုံမှန် ကော်ဖီတစ်ခွက်သောက်ပေး တာဟာ အသည်းရောင်အသားဝါ စီပိုးနဲ့ ဆက်စပ်နေတဲ့ အသည်းရောဂါဖြစ်နူန်းကို တားဆီးပေးကြောင်း သိရပါတယ်။
အသက် ၄၀ အရွယ်မှာ -
ခန္ဓာကိုယ်မှာ အဆီပိုတွေ အများကြီးရှိတာက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ဖြစ်စေနိုင် ပါတယ်။
Tips!
ဆစ်ဒနီတက္ကသိုလ်ရဲ့ လေ့လာမူအရ တစ်ပတ်မှာ တစ်နာရီခန့် အပိုလေ့ကျင့်ခန်းလုပ်တာဟာ ဗိုက်အဆီကို ၁၂ ရာခိုင်နူန်းလျော့ကျစေကြောင်း သိရပါတယ်။
No comments:
Post a Comment