Thursday, 9 June 2011

ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် နည်းလမ်း ၈သွယ် (ZC)

ပတ်ဝန်းကျင်မှာရှိတဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေကြောင့် အအေးမိ၊ နှာစေးဖြစ်တာတွေ လူတိုင်းလိုလို ကြုံဖူးမှာပါ။ အအေးမိ၊ နှာစေးတာအတွက် အိမ်သုံးဆေးတွေ အမျိုးမျိုးရှိပေမယ့် ဆေးအများစုက ရောဂါလက္ခဏာကို သက်သာစေပြီး ရောဂါကိုရှေ့ဆက်မတိုးအောင်လုပ်ဆောင်ပေးပါတယ်။ ရောဂါဖြစ်လာမှ ဆေးသောက်မယ့်အစား မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ပိုးမွှားတွေကြောင့် အအေးမိ၊ နှာစေး မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ အချက်ရှစ်ချက်ကို အကြံပြုပါရစေ...

၁။ လက်ဆေးပါ
ကမ္ဘာပေါ်မှာ လူတွေကို ဖျားနာစေတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေ ပြည့်နှက်နေပါတယ်။ သင့်လက်ကို မှန်မှန်ဆေးပါ။ အပြင်သွားလာတဲ့အခါမှာလည်း ဖြစ်နိုင်ရင် လက်သန့်စင်ဆေးရည် သုံးပေးပါ။ သင့်ကို ရောဂါပိုးမွှားတွေ ကူးစက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

၂။ လူအများနဲ့ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ
လူအများနဲ့ထိတွေ့ ဆက်ဆံတာကို တက်နိုင်သမျှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားပါ။ ဂျပန်လူမျိုးတွေက လက်ဆွဲ နူတ်ဆက်တာမျိုးမလုပ်ဘဲ ဦးခေါင်းညွှတ်ပြီး နူတ်ဆက်ကြပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံတာကို ရှောင်ရှားနိုင်တာကြောင့် အတုယူဖွယ် အမူအကျင့်တစ်ခုပါ။

၃။ မျက်နှာပေါ် လက် မရောက်အောင် ထိမ်းသိန်းပါ

လက်ဟာ ရေဂါပိုးမွှားတွေ ပြန့်နှံ့စေတဲ့ နေရာတစ်ခုပါ။ မကြာခဏ လက်ဆေးပေးဖို့ မဖြစ်နိုင်တဲ့အခါ မျက်နှာပေါ် လက်မရောက်မိစေဖို့၊ လက်နဲ့မကိုင်တွယ်မိစေဖို့ သတိထားပါ။ မျက်နှာဆိုတာ ခန္ဓာကိုယ်အတွင်း ရောဂါဝင်ရောက်နိုင်တဲ့ ၀င်ပေါက်တစ်ခုပါ။ မျက်နှာကိုလက်နဲ့ ကိုင်တွယ်တာကို ရှောင်ရှားခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ပါတယ်။

၎။ ရေသောက်ပါ
ရေဟာ သဘာဝအိမ်သုံးဆေးတစ်မျိုးပါ။ ရေက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေရုံသာမကဘဲ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်။ တစ်နေ့ ရေရှစ်အောင်စ သောက်တာက ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်တာကို တွန်းလှန်ကာကွယ်နိုင်သလို ခန္ဒာကိုယ်အလေးချိန် ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၅။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များစားပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ Phytochemicals နဲ့ antioxidants တွေပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ တစ်နေ့ကို အနည်းဆုံး ဟင်းသီးဟင်းရွက်ကို လေးကြိမ်နဲ့ သစ်သီးကို နှစ်ကြိမ်လောက် စားပေးဖြင်းဖြင့် ကိုယ်ရဲ့ ခုခံအားစနစ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

၆။ ဗီတာမင်မျိုးစုံပါပါစေ
ခန္ဓာကိုယ်က ဗီတာမင်မျိုးစုံကို လိုအပ်တာကြောင့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့လိုပါတယ်။ ဒါပေမဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေစားရတာ သင်ကြိုက်နှစ်သက်မူ မရှိရင်တော့ သဘာဝကရတဲ့ သစ်သီးဖျော်ရည်၊ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေ သောက်သုံးပေးပါး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အပြည့်အ၀ ရရှိစေပါတယ်။

၇။ နွေးနွေးထွေးထွေးနေပါ

ဆောင်းရာသီိလို အေးမြချိန်မှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကျဆင်းတတ်တာကြောင့် ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းနည်းပါးပါတယ်။ ရာသီဥတုအေးချိန်မှာ အနွေးထည်ဝတ်ပါ။ နွေးနွေးထွေးထွေးနေပါ။

၈။ အနားယူပါ
စိတ်ဖိစီးမူများတာကလည်း ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေတဲ့ အကြောင်းအချက်တစ်ခုပါ။ စိတ်အေးလက်အေး အနားယူတာ၊ အိပ်ရေး၀၀ အိပ်တာတွေက ခုခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ တကယ်လို့ နေမကောင်းဖြစ်ခဲ့ရင်လည်း အိပ်ရေး၀၀ အိပ်ပြီး အနားယူပေးတာဟာ ဖျားနာရာမှ အမြန်ဆုံး ပြန်လည်ကောင်းလာစေဖို့ အထောက်အကူပြုပါတယ်။

No comments:

Post a Comment