၂၈၆။ သင်၏ အခြံအရံသည် များမြတ်လှ၏၊ အရောင်အဆင်းသည်လည်း ကောင်းမြတ်လှ၏၊ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ တန်ဆာဆင်ယင်အပ်သော နတ်သမီးတို့သည်၎င်း၊ နတ်သားတို့သည်၎င်း ကလည်း ကကြကုန်၏ သီလည်း သီဆိုကြကုန်၏။
၂၈၇။ နတ်သမီး သင့်ကို ပူဇော်ခြင်းဖြင့် ၀မ်းမြောက်ကုန်၏၊ သင့်ကို ပူဇော်ရန် ခြံရံကုန်၏၊ ရူချင်စဖွယ်ဖြစ်သော နတ်သမီး သင်၏ ဤဗိမာန်တို့သည် ရွှေအတိ ဖြစ်ကုန်၏။
၂၈၈။ အလှိုအပ်သော ၀တ္ထုခပ်သိမ်းတို့နှင့် ပြည့်စုံသော သင်သည် ထိုနတ်သမီး နတ်သားတို့ကို အစိုးရသူဖြစ်၏၊ ကောင်းသော နတ်ပြည်၌ ဖြစ်လာ၍ ကြီးမြတ်သော အာနုဘော်ရှိသူလည်း ဖြစ်၏၊ နတ်ပြည်၌ မြတ်သော ၀မ်းမြောက်ခြင်းဖြင့် ၀မ်းမြောက်ရသူလည်းဖြစ်၏၊ နတ်သမီး ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကို ငါမေးပါ၏၊ သင်ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်ကမေးတော်မူ၏)။
၂၈၉-၂၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သီလမရှိသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရတနာသုံးပါး၏ဂုဏ်၊ ကံ-ကံ၏အကျိုးကို ယုံကြည်မူ (သဒ္ဒါ) မရှိကုန်သော နှမြောစေးနှဲသော ယောက္ခမ စသည်တို့တွင် ယုံကြည်မူ (သဒ္ဒါ)၊ စောင့်ထိန်းမူ (သီလ)နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမူ၌ မွေ့လျော်ခဲ့ပါ၏၊ အကျွန်ုပ်သည် ဆွမ်းခံကြွလာသော အရှင်မြတ်အား အိုးကင်းမုံ့ကို ပေးလှူခဲ့ပါ၏။
၂၉၁။ အကျွန်ုပ်သည် ထိုအခါ ယောက္ခမ (မိန်းမသူ) အား “ဤအိမ်သို့ ရဟန်းသည် ကြွရောက်လာပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အိုးကင်းမုံ့ကို ကိုယ်ထိလက်ရောက် ပေးလှူလိုက်ပါပြီ” ဟု ပြောကြားပါ၏။
၂၉၂။ ဤသို့ ပြောာကားသောအခါ ယောက္ခမ (မိန်းမသူ)သည် “ဟယ်ချွေးမ အကျွန်ုပ်သည် ရဟန်းအား ပေးလှူလို၏” ဟု ငါ့ကို ကြားလိုစိတ် မရှိခဲ့၊ သင်သည် (လူကြီး မိဘ) အဆုံးအမခံခဲ့ရသူမဟုတ်” ဟု ဆိုမြည် ကြိမ်းမောင်း၏။
၂၉၃။ ထိုသို့ ဆိုမြည် ကြိမ်းမောင်းပြီးနောက် ယောက္ခမ (မိန်းမသူ) သည် အမျက်ထွက်၍ ကျည်ပွေ့ဖြင့် အကျွန်ုပ်ကို ရိုက်ပါ၏၊ ပခုံးရိုး ကျိုးသည်တိုင်အောင် အကျွန်ုပ်ကို ရိုက်နှက်ညှဉ်းဆဲပါ၏၊ အကျွန်ုပ်သည် ကြာမြင့်စွာ အသက်ရှည်ခြင်းငှါ မတတ်နိုင်တော့ပါ။
၂၉၄။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်ခြင်းကြောင့် ထိုသို့သော ဆင်းရဲမှလွတ်၍ သေသည်ရှိသော် တာဝတိံသာနတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရပါ၏။
၂၉၅။ ထို ကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။
Tuesday, 12 July 2011
၃ - ပါရိစ္ဆတ္တက၀ဂ် (၁-ဥဠာရ၀ိမာန၀တ္ထု)
ရှေးဦးစွာသော ဥဠာရ၀ိမာန၀တ္ထု ပြီး၏။
No comments:
Post a Comment