၇၈၃။ သင်နတ်သမီး၏ နတ်၌ဖြစ်သော သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြည့်ပြောကြီးကျယ်သော ပြသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံရှိ၏။
၇၈၄။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲတောက်ပနေ၏၊ နတ်ဝတ်တန်ဆာ ဟူသော အသီး ရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင် ခြံရံအပ်၏။
၇၈၅-၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။
၇၈၇။ ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ။ ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။
၇၈၈။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သရက်ပင်တို့ဖြင့် ခြံရံ အပ်သော ကျောင်းကို သံဃာတော်၏ (အကျိုးငှါ) ဆောက်လုပ်စေခဲ့၏။
၇၈၉-၇၉၀။ ဆောက်လုပ်အပ်သော ကျောင်းပြီးမြောက်၍ ကျောင်းပူဇော်ပွဲ ကျင်းပလတ်သော် အ၀တ်ဖြင့်ပြီးသော အသီးတို့ကို ပြုပြီးလျှင် သရက်ပင်တို့ကို ဖုံးလွှမ်းလျက် ထိုသရက်ပင်တို့၌ ဆီမီးကိုလည်း ညှိထွန်း၍ နတ်လူအပေါင်းတို့ထက် မြတ်သော သံဃာတော်ကို ဆွမ်းလုပ်ကျွေးလျက် ကြည်လင်သောစိတ်ဖြင့် ထိုကျောင်းကို သံဃာတော်အား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။
၇၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြန့်ပြောကျယ်ဝန်းသော ပြသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံ ရှိပါ၏။
၇၉၂။ ဤ ပြဿာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲတောက်ပနေပါ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင်မှ ခြံရံအပ်ပါ၏။
၇၉၃။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။
Wednesday, 20 July 2011
၈ - အမ္ဗ၀ိမာန၀တ္ထု
ရှစ်ခုမြောက်သော အမ္ဗ၀ိမာန၀တ္ထု ပြီး၏။
No comments:
Post a Comment