၃၉၃-၄-၅။အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။
၃၉၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။
၃၉၇။ အကျွန်ုပ်သည် ကြမ်းကြုတ်ကုန်သော အမျက်လည်း ထွက်တတ်ကုန်သော ရုန်ကရင်းသော စကားလည်း ရှိကုန်သော ယောက္ခမ မိန်းမသူကို၎င်း၊ ယောက္ခမ ယောက်ျားသူကို၎င်း ငြူစူခြင်းကင်းကာ လုပ်ကျွေးခဲ့ပါ၏၊ မိမိဥစ္စာဖြစ်သော သီလအားဖြင့် မမေ့မလျော့ ဖြစ်ခဲ့ပါ၏။
၃၉၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။
၃၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။
No comments:
Post a Comment